June 2025

အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ကျဉ်း ၄၉ ဦး သေဆုံးမှု စစ်ကောင်စီဖုံးကွယ်

မန္တလေး ၊ ဇွန် ၇ မန္တလေးတိုင်း ဘိုးအိုအကျဉ်းထောင်မှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးမှာ သေဆုံးသူ ၇၀ ဦး ရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ငလျင်ကြောင့် အကျဉ်းသားတွေသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က မိသားစုတွေကို…

စစ်အာဏာသိမ်း (၁၅၈၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၇၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၇ AAPP ရဲ့ ဇွန်၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၈၇) ရက်အတွင်း ပြည်သူ (၆၇၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၄၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ကျင်းပဖို့ မဖြစ်နိုင်တဲ့ စစ်‌ကောင်စီ ရွေး‌ကောက်ပွဲ

မော်လမြိုင် ၊ ဇွန် ၇ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေကြောင့် နိုင်ငံတဝန်းရှိ မဲဆန္ဒနယ် ၃၃၀ ရှိတဲ့ထဲက တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးပါတီတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီး လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လေးပုံတစ်ပုံ‌လောက်သာ ခွင့်ပြုပေးထားတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။ ဒါကြောင့် မြို့နယ်အနေနဲ့ မဲဆန္ဒနယ် ၃၃၀…

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်စီးနင်းတဲ့ လူငယ်အချို့ စစ်သားစုဆောင်းခံနေရ

မော်လမြိုင်၊ ဇွန် ၇ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းတဲ့ လူငယ်အချို့ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းစစ်သား စုဆောင်းခံနေရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့ကစလို့ ပြည်နယ်အတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ ပိတ် ဆို့ဖမ်းဆီးမှုတွေ အကြီးအကျယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရာမှာ စစ်ကောင်စီပူပေါင်းအဖွဲ့တွေဟာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို…

KNU ကျောက်ကြီးမြို့နယ်မှာ စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး

ကျောက်ကြီး၊ ဇွန် ၇ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(လယ်ဒိုကော်ဆာ)က သတင်းထုတ်ပြန်ပါတယ်။ အခုနှစ် မတ်လကနေ မေလအထိ ၃ လအတွင်း စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမြောက်တပ်၊ ကြည်းတပ်၊…

ဘီးလင်းမှာ စစ်တပ်တိုက်ခိုက်ခံရလို့ သုံးဦးသေဆုံး၊ စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ဘီးလင်း၊ ဇွန် ၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အလူးလေးကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းဘေးမှာ…

အမေရိကန်ရဲ့ အဆိုပြုချက်ကို ပယ်ချပြီး ယူရေနီယံ ဆက်လက် သန့်စင်မယ်လို့ အီရန် ကြွေးကြော်

တီဟီရန်၊ ဇွန် ၆ တီဟီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်တဲ့ ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှု ဖြေရှင်းရေး အမေရိကန်ရဲ့ အဓိက တောင်းဆိုမှုကို အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပယ်ချပြီး ယူရေနီယံ သန့်စင်မှုကို စွန့်လွှတ်ရေးဟာ မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ ၁၀၀ ရာခိုင်နှုန်း ဆန့်ကျင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ နျူကလီးယား သဘောတူညီမှု အသစ်…

ထရန့်နဲ့ အီလွန်မက်စ်ကြား အချင်းများနေချိန် Tesla ကုမ္ပဏီ ရှယ်ယာစျေးနှုန်း ထိုးကျ

ဝါရှင်တန်၊ ဇွန် ၆ ဘီလျံနာသူဌေးကြီး အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်တို့ကြား တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေက Tesla ကုမ္ပဏီရှိ အစုရှယ်ယာတွေကို ဇွန် ၅ ရက်မှာ ထုတ်ရောင်းပစ်ခဲ့ကြပါတယ်။ အီလွန်မက်စ်ပိုင်ဆိုင်တဲ့ အဲဒီ လျှပ်စစ်ကားကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ ၁၄ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး လများစွာအတွင်း အဆိုးရွားဆုံး နေ့ရက်တွေထဲက တစ်ရက်အဖြစ် စျေးကွက်…

ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး

မကွေး ဇွန် ၆ မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေတင်ပေးနေတဲ့ ယောအလင်းတန်းထံကနေ သိရပါတယ်။ ဇွန် ၅ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က မိတ္ထီလာ ရှမ်းတဲလေတပ်ကနေတက်လာတဲ့ MIG -29 ဂျက်ဖိုက်တာက ညောင်ကန်ကျေးရွာကိုပစ်ခတ်ခဲ့တာပါ။ “သေဆုံးသွားတာက ညောင်ကန်ရွာ…

ငါးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံး

မော်လမြိုင်၊ ဇွန် ၆ နိုင်ငံတဝန်းမှာ အခုနှစ်ငါးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅၁၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ ငါးလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂၃၅…