June 2025

ပွင့်ဖြူမှာ စစ်ကောင်စီ ယာဉ် ၉ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၆ ဦး သေဆုံး

မကွေး ဇွန် ၂၉ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီ ယာဉ် ၉ စီး မိုင်းဆွဲတိုက်ခိုက်ပြီး ၆ ဦး သေဆုံးတယ်လို့ ​ပွင့်ဖြူ ပကဖက ဇွန် ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဇွန် ၂၄ ရက်မှာ မဒဲကျေးရွာဘက်ကို စစ်ကြောင်းဝင်ပြီး ပြန်ဆုတ်လာတဲ့ ယာဉ် ၉ စီးကို ထိန်အိုင်ကျေးရွာ မြောက်ဘက်မှာ…

အနာနဲ့ဆေးမတည့်တဲ့ ငြိမ်ချမ်းရေးဖိုရမ်အပေါ် တော်လှန်ရေးအင်အားစုတွေ ဘာပြောလဲ

နေပြည်တော် ၊ ဇွန် ၂၉ နေပြည်တော်မှာ သုံးရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ သုံးသပ်ဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ပလဲနံသင့်ကြတဲ့ အစုအဖွဲ့တွေအားလုံးက ရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုင်ရာ အစီအမံတွေကို အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပဋိပက္ခအပြီး ပြန်လည်တည်ဆောက်ရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် မဲပေးစက် စစ်ကောင်စီ စတင်မိတ်ဆက်

မော်လမြိုင် ၊ ဇွန် ၂၉ မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် လာမယ့် အထွေထွေရွေးကောက်ပွဲအတွင်း မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM နဲ့ မဲပေးနိုင်ဖို့အတွက် ဆိုကာ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်တွေ့ စမ်းသပ်ပြသမှု ပြုလုပ်လာပါတယ်။ မဲပေးစက် MEVM နဲ့ လက်တွေ့ မဲပေး စမ်းသပ်ပြသခြင်း အခမ်းအနားကို ဇွန်၂၇…

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ်၊ ဇွန် ၂၉ ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းနဲ့ အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်လိုလို ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ (၄၄)၊ တပ်မ (၅၅) လက်အောက်ခံ စစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၉…

မွန်ပြည်နယ် ရေးဒေသမှာ စစ်ကောင်စီ တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေ

ရေး၊ ဇွန် ၂၉ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အခုလအတွင်း ရေးမြို့နယ် အစင်ကျေးရွာ ပန်ဒါဆိပ်ကမ်းကနေ တပ်အင်အား ဖြည့်တင်းမှု သုံးကြိမ်ထက်မနည်း ပြုလုပ်ထားပြီး တစ်ကြိမ်လျှင် အနည်ဆုံးအင်အား ၁၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။…

အီရန်ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ဖို့ စဉ်းစားသွားမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇွန် ၂၈ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို ဇွန် ၂၇ ရက်က ပြင်းပြင်းထန်ထန် ဝေဖန်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့တွေ ရုတ်သိမ်းပေးမယ့် အစီအစဉ်ကို ပယ်ဖျက်ထားကြောင်း တီဟီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေ စိုးရိမ်စရာ အတိုင်းအတာအထိ ရောက်ရှိလာရင် ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ စဉ်းစားသွားမယ်လို့ ပြောလိုက်ပါတယ်။ အီရန်…

အီရန် ခေါင်းဆောင် သုတ်သင်မခံရအောင် မြေအောက်မှာ တိမ်းရှောင်ခဲ့တယ်လို့ အစ္စရေး ပြော

တဲလ်အဗစ်၊ ဇွန် ၂၈ နှစ်နိုင်ငံကြား ၁၂ ရက် စစ်ပွဲအတွင်း အစ္စရေးက အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို သုတ်သင်ရှင်းလင်းပစ်ဖို့ ဖြစ်နိုင်ခြေရှိခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ဇွန် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ “ခါမေနီသာ ကျွန်တော်တို့ မြင်ကွင်းထဲမှာ ရှိခဲ့ရင် သူ့ကို ကျွန်တော်တို့…

ပုလောမြို့နယ် ကျောက္ကာကျေးရွာ ပျူစောထီးစခန်း စီးနင်းခံရ

ပုလော၊ ဇွန် ၂၈ တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး သုံးဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ အင်အား ၁၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ကျောက္ကာကျေးရွာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို မနေ့ ဇွန်…

မုန်းမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦး သေဆုံး

မုန်း၊ ဇွန် ၂၈ ပဲခူးတိုင်း မုန်းမြို့နယ် လင်းရောင်ခင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင်း အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က မုန်းမြို့နယ် ကညွတ်ကွင်းအခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ လင်းရောင်ခင်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်…

ကျောက်မဲမြို့ ဗုံးထပ်ကြဲခံရလို့ အမျိုးသမီးတစ်ဦးသေဆုံး

ကျောက်မဲ၊ ဇွန် ၂၈ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိူသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇွန် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ည ၁၂ နာရီခွဲအချိန်ခန့်မှာ ကျောက်မဲမြို့ ရပ်ကွက် ၇ ကို စစ်ကောင်စီတပ်က…