March 13, 2025

စစ်အာဏာသိမ်း (၁၅၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၀၁) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၄ AAPP ရဲ့ မတ် ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၀၂) ရက်အတွင်း ပြည်သူ (၆၄၀၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၈၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တစ်နိုင်ငံလုံး စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ဆောင်မယ်လို့ စစ်ခေါင်းဆောင်ကြွေးကြော်

နေပြည်တော် ၊ မတ် ၁၄ အာဏာသိမ်းမှုကြောင့် အဘက်ဘက်ကကျဆင်းနေတဲ့ လယ်ယာကဏ္ဍကို တစ်နိုင်ငံလုံးအတိုင်းအ တာအရ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ကြွေး ကြော်လိုက်ပါတယ်။ မတ် ၁၂ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စု ပင်လောင်းလမ်းစုံအနီးရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း စီမံကိန်းအားသွားရောက်ကြည့်ရှုစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က…

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း ဒဏ်ခတ်ပိတ်ဆို့ခံရ

နေပြည်တော် ၊ မတ် ၁၄ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို Justice For Myanmar (JFM) က ကြိုဆိုတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MOGE အပေါ် ဥရောပသမဂ္ဂ EU…

လောင်းလုံးက တပ်စခန်းနှစ်ခု တိုက်ခိုက်ခံရလို့ စစ်တပ်ဗုံးကြဲ

လောင်းလုံး၊ မတ် ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီးရှိ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနဲ့ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနဲ့ မောင်းမကန်ရဲစခန်းတို့ကို မတ် ၁၃ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်ထန်းခဲ့တာပါ။ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က…

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ကော့ကရိတ်၊ မတ် ၁၄ စစ်ကောင်စီသြဇာခံ ဌာနေပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကော့တုံဌာနချုပ်ခေါင်းဆောင် နိုင်အိုင်ချမ်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မတ် ၁၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာကနေ ကွမ်းရွက်ဝယ်ပြီး ကော့တုံကျေးရွာဘက်ကို တစ်ဦးတည်း ကားနဲ့ပြန်လာတဲ့ နိုင်အိုင်ချမ်းကို လက်နက်ကိုင်အဖွဲ့ တစ်ခုက…

အခွန် ထပ်တိုးကောက်မယ့် ထရန့်ကြောင့် ကုန်သွယ်ရေး စစ်ပွဲ အရှိန်ပိုမြင့်လာ

ဝါရှင်တန်၊ မတ် ၁၃ အမေရိကန်သို့ ဝင်ရောက်လာတဲ့ သံမဏိနဲ့ ဒန်သတ္တုတွေအပေါ် သွင်းကုန်အခွန်တွေ ကောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီးတဲ့နောက် ဥရောပသမဂ္ဂ EU နဲ့ ကနေဒါတို့က လက်တုံ့ပြန်မှုတွေ ရှိခဲ့ပေမယ့် အခွန်တွေ ထပ်တိုး ကောက်မယ်လို့ သမ္မတထရန့်က ကြွေးကြော်လာပြန်ပါတယ်။ တုံ့ပြန်ရေး အစီအစဉ်တွေအနေနဲ့ ရှေ့လမှာ ကမ္ဘာတဝန်းရှိ နိုင်ငံတွေကို အခွန်တွေ ထပ်မံ…

အားလုံးအတွက် တာဝန်ခံမယ်လို့ ဖမ်းဆီးခံ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ပြော

ရိုတာဒမ် ၊ မတ် ၁၃ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က မတ် ၁၂ ရက်မှာ ဖမ်းဆီးလိုက်ပြီးနောက် သမ္မတဟောင်းက သူ့အနေနဲ့ တာဝန်ခံဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ လူထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောထားတဲ့ သူ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းခဲ့မှုကြောင့်…

အာဆီယံနိုင်ငံတွေ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ HRW တိုက်တွန်း

မော်လမြိုင်၊ မတ် ၁၃ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံမှာကျင်းပမယ့် အတုအယောင် ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch) က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံကို သွားရောက်လည်ပတ်ချိန် လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ နိုင်ငံလုံးဆိုင်ရာ…

ကမမောင်းမြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ် နေ့စဉ်လက်နက်ကြီးပစ်နေ

ကမမောင်း၊ မတ် ၁၃ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပြီး ကတိုင်တိကျေးရွာက BGF တပ်ရင်းဌာနချုပ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဆက်လက်ခုခံနေဆဲဖြစ်တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမမောင်းမြို့က စစ်ကောင်စီအထိုင်ချ စစ်ဗျူဟာစခန်း တိုက်ခိုက်မခံရဖို့အတွက် စစ်ကောင်စီတပ်ဟာ မြိုင်ကြီးငူကနေတဆင့် ကမမောင်းမြို့ကို…

စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၅၀၀၀ ကျော်သေဆုံး

ကန့်ဘလူ၊ မတ် ၁၃ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အ ရပ်သား ၅၃၀၄ ဦး သေဆုံးခဲ့ပြီး ၃၈၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းထဲက…