October 2024

စစ်အာဏာသိမ်း (၁၃၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၀၉) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁ AAPP ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၆၉) ရက်အတွင်း ပြည်သူ (၅၉၀၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၁၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မော်လမြိုင် ၊ နိုဝင်ဘာ ၁ မွန်ပြည်နယ်မှာ တရားမဝင်ကုန်ပစ္စည်း အကြောင်းပြချက်နဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်လာနိုင်တယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေအပြင် သိုလှောင်ရုံ ဂိုဒေါင်တွေအထိ လိုက်လံဖမ်း ဆီးပြီး ပစ္စည်းတွေကိုပါ သိမ်းယူနေပါတယ်။ အဲဒီထဲမှာ…

စစ်ကောင်စီနဲ့ဆက်နွယ်ပြီး လူမှုကွန်ရက်ပေါ် ဝေဖန်သူတွေ ခပ်စိပ်စိပ်ဖမ်းဆီးခံနေရ

ရန်ကုန် ၊ နိုဝင်ဘာ ၁ စစ်ကောင်စီနဲ့ ဆက်နွယ်ပြီး အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ ရေးသားဝေဖန်သူတွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လှုံ့ဆော်ဝါဒဖြန့်တဲ့ အကြောင်းပြချက်နဲ့ ခပ်စိပ်စိပ် ဖမ်းဆီးလာပါတယ်။ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်နဲ့ မြန်မာ့ရုပ်ရှင်လောကကို ဝေ ဖန်ရေးသားတဲ့ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားတို့ဟာ လွန်ခဲ့တဲ့တစ်ပတ်ကျော်အတွင်း ရှေ့ ဆင့်နောက်ဆင့် ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ နှစ်ဦးကို စစ်ကောင်စီက…

စစ်ကောင်စီဖမ်းဆီးမှုကြောင့် သံဖြူဇရပ်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဖျက်သိမ်း

သံဖြူဇရပ်၊ နိုဝင်ဘာ ၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့ ဖမ်းဆီးအမှုဖွင့်ခံရပြီးနောက် အသင်းကိုဖျက်သိမ်းလိုက်ပြီလို့ အသင်းနဲ့နီးစပ်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးရဲမင်းထိုက်အပါအဝင် အသင်းဝင်ကိုးဦးကို ပြီးခဲ့တဲ့ စက် တင်ဘာလအတွင်း စစ်ကောင်စီတပ်က ဆက်တိုက်ဆိုသလို ဖမ်းဆီးစစ်ကြောမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီနောက် အသင်းဝင်ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အောက်တိုဘာ ၉ ရက်နေ့မှာတော့ အသင်းဥက္ကဋ္ဌ…

ခေါပုတ်စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီ အဆက်မပြတ်ဗုံးကြဲနေ

ဖာပွန်၊ နိုဝင်ဘာ ၁ ကရင်ပြည်နယ် ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့ ခေါပုတ်စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ကျေးရွာတွေထဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ KNU တပ်မ ဟာ ၅ ပြောခွင့်ရနဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN အဖွဲ့ဆီကနေ သိရပါတယ်။ ခြောက်လကျော်ကြာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီရဲ့ သက်တမ်းရှည် အင်အားကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှာ KNLA တပ်မဟာ…

မင်းတုန်းမြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

မကွေး အောက်တိုဘာ ၃၁ မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်က မဲဇလီကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့မှု ဖြစ်ခဲ့တာပါ။ “ကင်းပုန်းဝပ်နေတဲ့ စကစတွေကို လက်ဦးမှု ယူပြီး တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်ပြီးနောက်ပိုင်း…

အစ္စရေးနဲ့ အပစ်ခတ်ရပ်စဲရေး လမ်းဖွင့်ထားတယ်လို့ ဟစ်ဇဘိုလာအဖွဲ့ ခေါင်းဆောင်သစ် ပြော

ဘေရွတ်၊ အောက်တိုဘာ ၃၁ ဟစ်ဇဘိုလာအဖွဲ့ရဲ့ တပ်စခန်းတွေကို လေကြောင်းက တိုက်ခိုက်မှု အရှိန်မြှင့် ပြုလုပ်နေချိန်မှာ အရပ်သားတွေ ထွက်ပြေးကြဖို့ အစ္စရေးတပ်တွေက သတိပေးထားပြီးနောက် သတ်မှတ်ချက် တချို့နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူနိုင်တယ်လို့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာရဲ့ ခေါင်းဆောင်အသစ်က ပြောကြားလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း ဘာအယ်လ်ဘာ့ခ်မြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး နောက်ထပ် ဟစ်ဇဘိုလာ…

မြောက်ကိုရီးယား စစ်သားတွေ ယူကရိန်းဆီ ဦးတည်လာနေပြီလို့ အမေရိကန် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ရုရှား စစ်ဝတ်စုံ ဝတ်ဆင်ထားကြတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှား စစ်လက်နက်တွေ သယ်ဆောင်ပြီး ယူကရိန်းဆီ ဦးတည်လာနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က အောက်တိုဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက ရုရှားအတွက် စစ်သား အင်အား ၁၂၀၀၀ အထိ ချထားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ…

စစ်ကောင်စီစစ်ကြောင်းက မြိတ်ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးနေ

မြိတ်၊ အောက်တိုဘာ ၃၁ တနင်္သာရီတိုင်း မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ ပြည်သူတွေကို လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဇောကျေးရွာအုပ်စုထဲက တုံးဗျောရွာဟောင်းနဲ့ ဘန်းမဲကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက် လာခဲ့တာပါ။ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ…

ပေါင်မြို့နယ်မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါးရှိလာ

ပေါင်၊ အောက်တိုဘာ ၃၁ မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်နဲ့ဝဲပတန်ကျေးရွာတို့မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါး ရှိလာပြီး အဲဒီထဲက စိုးရိမ်ရတဲ့လူနာငါးဦးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။ ပင်လယ်ကမ်းစပ်ရွာတွေဖြစ်တဲ့ အဲဒီကျေးရွာနှစ်ရွာမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ပင်လယ်က ပြန်လာတဲ့ ငါးဖမ်းစက်လှေလုပ်သားတွေ ဝမ်းရောဂါဖြစ်ပွားခဲ့ပြီး အဲဒီနောက်မိသားစုဝင်တွေပါ ကူးစက်မှုတွေရှိလာခဲ့ပါတယ်။ ဝမ်းရောဂါကူးစက်ခံရသူတွေကို အလှပ်တိုက်နယ်ဆေးရုံ၊…