ထားဝယ်အထူးစီးပွားရေးဇုန် တိုက်ပွဲမှာ PDF ရဲဘော်လေးဦးကျဆုံး
ရေဖြူ၊ ဇူလိုင် ၄ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် လဲရှောင်ကျေးရွာအနီး ဖြစ် ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် လေးဦး…