July 2024

စေတုတ္တရာမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေသူတွေကို စစ်မှုထမ်းဖို့ ဦးစားပေးခေါ်ယူနေ

မကွေး၊ ဇူလိုင် ၄ မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပုဂ္ဂိုလ်ရေးအရအဆင်မပြေသူတွေကို စစ်မှုထမ်း ဒုတိယအကြိမ်အတွက် ဦးစားပေးခေါ်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျေးရွာအုပ်စု တစ်စုကို (၁၀) ယောက်နှုန်းသတ်မှတ်ထားတာဖြစ်ပြီးတော့ ဇူလိုင် ပထမပတ်ကစလို့ ခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ “အုပ်ကြီးနဲ့ စာရေးတွေက သူတို့နဲ့အဆင်မပြေသူတွေကို အဓိကထားပြီးစာရင်းပေးတာ။ ပြီးတော့ အခြေခံလူတန်းစားတွေရဲ့ သားယောကျာ်းလေးတွေအဓိကပါဝင်ပါတယ်” လို့ ဒေသခံတစ်ဦးက…

ဖိအားတွေ များနေပေမယ့် ရွေးကောက်ပွဲကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ သမ္မတ ဘိုင်ဒန် ပြော

ဝါရှင်တန်၊ ဇူလိုင် ၄ ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးရာမှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ အနာဂတ် အခြေအနေကို ဆုံးဖြတ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူ့ရဲ့ မဲဆွယ်ရေး အဖွဲ့ဝင်တွေနဲ့ အကြီးတန်း ဒီမိုကရက်ပါတီဝင်တွေ စိတ်အေးအေးဆေးဆေး ရှိနေအောင် ဇူလိုင် ၃ ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ လာမယ့်…

ရာဇဝတ်မှု သံသယရှိသူတွေကို လွှဲအပ်ရေး မြန်မာနဲ့ထိုင်း သဘောတူ

ဘန်ကောက်၊ ဇူလိုင် ၄ ရာဇဝတ်မှု သံသယရှိသူတွေကို အပြန်အလှန် လွှဲအပ်ရေး မြန်မာနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ကြား သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းအကြီးတန်း အရာရှိ တစ်ယောက်က ပြောကြားပါတယ်။ နှစ်နိုင်ငံရဲတပ်ဖွဲ့ကြား သဘောတူညီမှုမှာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဒါမှမဟုတ် ရာဇဝတ်မှု အသေးစား ကျူးလွန်သူတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့…

ရေဖြူမှာ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသွားတဲ့ ဒေသခံတစ်ဦး သတ်ဖြတ်ခံရ

ရေဖြူ၊ ဇူလိုင် ၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုကနေ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသွားတဲ့ ဒေသခံရှစ်ဦးအနက် ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဇာဒီရွာနဲ့ ခေါင်ပြန်ရွာက အမျိုးသားလေးဦးနဲ့…

စဉ့်ကူးမြို့နယ်က နွယ်ရုံရဲစခန်းအပါအဝင် စစ်စခန်းခြောက်ခုကို မန္တလေး PDF သိမ်းပိုက်

စဉ့်ကူး၊ ဇူလိုင် ၄ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က နွယ်ရုံရဲစခန်းအပါအဝင် စစ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာတပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင်တပ်စခန်း ၊ ရွှေမာလဲစေတီ…

တစ်လအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် ရဲနဲ့စစ်သား ၄၀ ကျော် အလင်းဝင်

မော်လမြိုင်၊ ဇူလိုင် ၄ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကွဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေမှာ ဇွန်လအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးတစ်ဦး အပါအဝင် ရဲနဲ့ တပ်သား ၄၃ ဦး အလင်း ဝင်လာတယ်လို့ NUG က ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ အရာရှိအဆင့် ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး…

အာဏာသိမ်းကာလ မြန်မာ့သတင်းမီဒီယာအခြေအနေ ဘယ်လိုရှိနေလဲ။

“အရင်ကထက်စာရင် မီဒီယာတွေ ရပ်တည်ရေး ခက်လာတယ်။ အခု ဇူလိုင်လဆိုရင် တချို့ မီဒီယာအသေးလေးတွေ ရပ်သွားပြီ။ ထောက်ပံ့ရေးလည်း နည်းလာပြီ။ အန္တရာယ်‌လည်း များလာပြီ” ဦးတိုးဇော်လတ် (အတွင်းရေးမှူး – IPCM) ၂၀၂၁ ခုနစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ဆိုးရွားကျဆင်းလာနေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာစိန်ခေါ်မှု အခြေအနေတွေကြောင့် ပြည်တွင်းပြည်ပက လွတ်လပ်တဲ့သတင်းမီဒီယာသမားတွေ စုပေါင်းပြီး ၂၀၂၃ ခုနှစ်၊…

ထိုင်းနယ်စပ်နဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ရေဖြူဒေသခံအများစု နေရပ်မပြန်ရဲသေး

ရေဖြူ ၊ ဇူလိုင် ၄ တနင်္သာရီတိုင်း ရေဖြူမြို့ နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထိုင်းနယ်စပ်နဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ဒေသခံအများစုဟာ နေရပ်မပြန်လာရသေးဘူးလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ကနေ သိရပါတယ်။ လနဲ့ချီ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ဖို့ ဇွန် ၇ ရက်နေ့ကစပြီး ရေဖြူမြို့နယ်မှာ…

တနင်္သာရီမှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အရပ်သားသုံးဦးဒဏ်ရာရ

တနင်္သာရီ၊ ဇူလိုင် ၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်တို့မှာ ဇူလိုင် ၂ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ဗုံးကြဲသွားတဲ့အတွက် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မြိတ်လေတပ်စခန်းကနေ တက်လာတဲ့ ရဟတ်ယာဉ်နှစ်စီးဟာ တနင်္သာရီမြို့နယ် သာရဖုံကျေးရွာနဲ့ ကျွန်းစုမြို့နယ်ဝါရစ်ကျေးရွာတို့ကို ဗုံး ၁၀ လုံးထက်မနည်း…

ထားဝယ်အထူးစီးပွားရေးဇုန် တိုက်ပွဲမှာ PDF ရဲဘော်လေးဦးကျဆုံး

ရေဖြူ၊ ဇူလိုင် ၄ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် လဲရှောင်ကျေးရွာအနီး ဖြစ် ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် လေးဦး…