July 9, 2024

စစ်အာဏာသိမ်း (၁၂၅၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၀ AAPP ရဲ့ ဇူလိုင် ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၅) ရက်အတွင်း ပြည်သူ (၅၃၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၂၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅ ခုကို စစ်ကောင်စီငြင်းပယ်

နေပြည်တော် ၊ ဇူလိုင် ၁၀ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီ ပြန်လည်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားကြတဲ့ထဲက နိုင်ငံရေးပါတီ ၅ ခု ပယ်ချခံလိုက်ရပါတယ်။ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွေအရ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီနဲ့ ပြည်ထောင်စုတိုး တက်ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြ ပါတယ်။ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊…

စစ်အသုံးစရိတ်အတွက် အခွန်အပြည့်အဝကောက်ခံဖို့ စစ်ကောင်စီကြိုးပမ်း

နေပြည်တော် ၊ ဇူလိုင် ၁၀ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်စစ်တွေကြောင့် စစ်အသုံးစရိတ် အများအပြား အသုံးပြုနေရတဲ့ စစ်ကောင်စီဟာ ဆုံးရှုံးနေတဲ့ အခွန်ငွေတွေကို အပြည့်အဝရရှိအောင် ကောက်ခံဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ အခွန်ငွေတွေ အပြည့်အဝရရှိရေးအတွက် ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် အခွန် ကောက်ခံမှု အထောက်အကူအပြုအဖွဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က နေပြည်…

ရေးမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ ပစ်ခတ်မှုကြောင့် ခြံပိုင်ရှင်တစ်ဦးသေဆုံး

ရေး၊ ဇူလိုင် ၁၀ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ တောင်စွန်းလမ်းဝမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့ပြည်သူ့ စစ်ပူးပေါင်းအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရော်ဘာခြံပိုင်ရှင်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ ကင်းပုန်းဝပ်နေချိန် ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို ဝိုင်းဝန်းပစ်ခတ်ရာကနေ ရော်ဘာခြံက…

စလင်းမြို့နယ်က ခင်ဗလူကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးပြီး အိမ်တွေကို မီးရှို့ဖျက်ဆီး

မကွေး၊ ဇူလိုင် ၉ မကွေးတိုင်း စလင်းမြို့နယ်ရှိ ခင်ဗလူကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာဖြစ်ပြီး အဲဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ရွာကိုမီးရှို့သွားတာလို့ သိရပါတယ်။ “လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်လို့ ဘေးလွတ်ရာကိုအရင်ရှောင်ရတယ်။ ပြီးမှ ရွာထဲဝင်ရှို့သွားတာ။…

ယူကရိန်း ကလေးဆေးရုံကို ရုရှားတိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံး

ကိဗ်၊ ဇူလိုင် ၉ ယူကရိန်းနိုင်ငံတဝန်းက မြို့တွေအပါအဝင် ကိဗ်မြို့ရှိ ကလေးဆေးရုံ တစ်ခုကို ဇူလိုင် ၈ ရက်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုဟာ အရပ်သားတွေကို မဆင်မခြင် တိုက်ခိုက်မှု ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြစ်တင် ရှုတ်ချပြီး လက်တုံ့ပြန်မယ်လို့…

လေဘာပါတီအစိုးရက ဗြိတိန်မှာ ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းကို ခိုလှုံခွင့်ပေးမယ်

လန်ဒန်၊ ဇူလိုင် ၉ ရွေးကောက်ပွဲအနိုင်ရ လေဘာပါတီက ဝန်ကြီးချုပ်ဟောင်း ရစ်ရှီ ဆွန်နက်ရဲ့ ရဝမ်ဒါ အစီအစဉ်ကို ပယ်ဖျက်ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းကို ခိုလှုံခွင့် လျှောက်ထားခွင့် ပြုသွားမယ်လို့ လက်ရှိ ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ ရဝမ်ဒါနိုင်ငံကို ပို့ဆောင်ဖို့ သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၉၀၀၀၀…

ကော့ဘိန်းမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

ကော့ကရိတ်၊ ဇူလိုင် ၉ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇူလိုင် ၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကော့ဘိန်းကျေးရွာ နယ်မြေ ၁၀ အပိုင်ရှိ ဒေသခံနေအိမ်တဝိုက်ကို ဒရုန်းနှစ်စီးပျံဝဲပြီးနောက် ဒရုန်းဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအသက် ၆၀…

မိုးမိတ်က စစ်ကောင်စီတပ်စခန်း သုံးခုကို TNLA ထပ်မံသိမ်းပိုက်

မိုးမိတ်၊ ဇူလိုင် ၉ မန္တလေးတိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၈ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနဲ့ လယ်ကြီးစခန်းတို့ကို အပြီးသတ်တိုက်ခိုက်သိမ်း…

စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်

စဉ့်ကူး၊ ဇူလိုင် ၉ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို သိမ်းပိုက် ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ MDY PDF က ဇူလိုင် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စဉ့်ကူးမြို့နယ်က ရွှေပြည်ရဲစခန်း ၊ လက်ပန်လှရဲစခန်း ၊…