May 25, 2024

မိုးရွာပြီးလမ်းပျက်လို့ ဘီးလင်းမှာ ကားအစီးရေရာနဲ့ချီ ဆက်လက်ပိတ်မိနေ

ဘီးလင်း ၊ မေ ၂၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားနဲ့ မစောတံ တား မိုင်းခွဲခံရပြီးနောက် ရှောင်ကွင်းသွားရတဲ့လမ်းတွေမှာ မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကားအစီးရေ ရာနဲ့ချီဆက်လက်ပိတ်မိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က မိုင်းခွဲခံရပြီးနောက် ကွန်ကရစ်တံတားအပြင် အ သစ်တည်ဆောက်ထားတဲ့ ဘေလီတံတားပါ ပြိုကျပျက်စီးခဲ့တာကြောင့်…

မွန်ပြည်နယ်မှာ တန်ပြန်ထိုးစစ်ဖို့ စစ်ကောင်စီပြင်ဆင်

မော်လမြိုင် ၊ မေ ၂၆ နိုင်ငံ့တောင်ပိုင်း မွန်နဲ့ကရင်ထိန်းချုပ်နယ်မြေတွေရှိတဲ့ မွန်ပြည်နယ်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်မှုတွေ လုပ်ဆောင်လာနေတယ်လို့ ဒေသတွင်း လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သထုံခရိုင်ထဲကို မေ ၂၁ ရက်နေ့စကပြီး စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ကင်းထောက်လေ…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သား ၂ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဘီးလင်း၊ မေ ၂၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်သူဌေးကုန်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေထံက သိရပါတယ်။ မေ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ နတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃…

ရေးမှာ စက်သုံးဆီပြတ်ပြီ

ရေး၊ မေ ၂၆ မွန်ပြည်နယ် ရေးမြို့နယ်မှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် စက်သုံးဆီအရောင်းဆိုင်ကြီးတွေ အားလုံး အရောင်းပိတ်သိမ်းထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆီပြတ်လပ်မှုကြောင့် စက်သုံးဆီအရောင်းဆိုင်ကြီးတွေဟာ မေ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ခွဲ တမ်းနဲ့ ရောင်းချပေးခဲ့ပေမယ့် နေ့လည်ပိုင်းမှာတော့ ဆိုင်အားလုံး ဆီပြတ်လပ်သွားတဲ့အတွက် အရောင်းပိတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ စက်သုံးဆီပြတ်လပ်မှုဟာ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့…

ပြည်တွင်းရွှေဈေး ၅၂ သိန်းကျော်ထိ ဈေးနှုန်းထိုးတက်လာ

မော်လမြိုင် ၊ မေ ၂၅ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေး ကျပ် ၅၂ သိန်းကျော်အထိ စံချိန်တင် ဈေး နှုန်းထပ်မံမြင့် တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ မေလအစက တစ်ကျပ်သား ကျပ် ၄၇ သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ ပြည်တွင်းမီးလင်းခေါက်ရွှေဟာ မေလနောက်ဆုံးအပတ်မှာတော့ ကျပ် ၅၂ သိန်းကျော်အထိ ဈေးနှုန်းဆက်တိုက်မြင့်တက်နေတာပါ။ ပြည်တွင်းရွှေဈေးဟာ ဒေါ်လာဈေနှုန်း…

ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦး ဒဏ်ရာရ

ညောင်လေးပင်၊ မေ ၂၅ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကြင်ခါးကုန်းကျေးရွာထဲကို စစ်ကောင် စီရဲ့ ခမရ ၃၀၇ တပ်ကနေ…

စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်ကို ကူညီပေးဖို့ AA တောင်းဆို

ဘူးသီးတောင်၊ မေ ၂၅ ရက္ခိုင့်တပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အား အကူအညီပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မေ ၂၄ ရက်နေ့မှာ AA က တိုက်တွန်းလိုက်ပါတယ်။ AA ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်း ဝန်း ကျင်ရှိပြီး အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းဟာ မူဆလင်ဖြစ်ကာ…

ထိုင်ဝမ်အရေး တင်းမာနေချိန် အမေရိကန်နဲ့တရုတ် စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေ တွေ့ဆုံမယ်

ဝါရှင်တန်၊ မေ ၂၅ တရုတ်ရဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုကြောင့် တင်းမာမှုတွေ မြင့်တက်လာပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်ဟာ တရုတ် စစ်ဖက်ဆိုင်ရာအကြီးအကဲနဲ့ တွေ့ဆုံမယ်လို့ ပင်တဂွန်က မေ ၂၄ ရက်မှာကြေညာခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှစ်စဉ်တွေ့ဆုံပွဲ ဖြစ်တဲ့ စင်ကာပူမှာ မေ ၃၁ ရက်နေ ဇွန် ၂ ရက်…

ထိုင်းဝန်ကြီးချုပ်ကို ထုတ်ပယ်ရေး တိုင်ကြားမှုကို တရားရုံး လက်ခံ

ဘန်ကောက်၊ မေ ၂၅ ထောင်ကျခံရဖူးတဲ့ ရှေ့နေတစ်ယောက်ကို ဝန်ကြီးများအဖွဲ့မှာ ခန့်အပ်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး တိုင်ကြားမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက မေ ၂၃ ရက်နေ့မှာ လက်ခံလိုက်ပါတယ်။ ပြည်သူ သန်း ၅၀ အတွက် ငွေသားတွေ ပေးဝေရေး ကြန့်ကြာနေတဲ့ ရွေးကောက်ပွဲ ကတိတည်စေဖို့ ရန်ပုံငွေရှာဖွေရေး၊ စွမ်းဆောင်ရည်…