ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး

0
18

ကျိုက်ထို၊ မေ ၁၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးပြောင်း ၁ ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ဇီးပြောင်း ၁ ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရော်ဘာခြံမှာ ရော်ဘာအစေးခြစ်နေတဲ့ အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင်ဟာ ခန္ဓာကိုယ်အနှံ့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဦးသန်းအောင်ကို ဒေသတွင်းဆေးခန်းမှာ ဆေးဝါးကုသပေးနေစဉ် မေ ၇ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ သေဆုံးသွားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ ဇီးပြောင်း ၁ ကျေးရွာဟာ ကရင်အမျိုးသားအစည်းအ ရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း သထုံမြို့နယ် ဓါးရိုးကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကွမ်းခြံလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၆၇ နှစ်အရွယ် နောင်ဘိုရွားသာတီးရိုး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.