မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စာရင်းကြိုကောက်ဖို့ စစ်ကောင်စီညွန်ကြား

0
37

မော်လမြိုင် ၊ ဧပြီ ၂၇

မွန်ပြည်နယ်ရှိ မြို့ နယ်တွေမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သင်တန်းသားစာရင်းတွေ ကြိုတင်ကောက်ယူနိုင်ရေး သက်ဆိုင်ရာခရိုင်တွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့ စစ်ကောင်စီက လျှို့ဝှက်ညွန်ကြားထားပါတယ်။

ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လုံခြုံရေးနဲ့ အုပ် ချုပ်ရေး ညှိနှိုင်းအစည်းအဝေးကနေ လုပ်ငန်းစဉ် ၅ ရပ်ကို ဆုံးဖြတ်ချက် ချမှတ်ထားတဲ့အထဲက ပြည်သူ့စစ်မှုထမ်း သင်တန်းစာရင်းကောက်ယူတာလည်း ပါဝင်တာပါ။

အာဏာသိမ်း သုံးနှစ်အတွင်း နိုင်ငံအနှံ့ထိုးစစ်ကြောင့် အင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီက ဖေ ဖော်ဝါရီ ၁၀ ရက်နေ့မှာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးနောက် ဧပြီ ၈ ရက်နေ့မှစတင်ကာ တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ အဖြစ် သင် တန်းစပေးခဲ့ပါတယ်။

ဒါကြောင့် လာမယ့် အပတ်စဉ် ၂ အတွက် မွန်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ အ ချက်အလက်နဲ့ ကိုက်ညီတဲ့ သင်တန်းသားစာရင်းတွေ ကြိုတင်ကောက်ယူနိုင်ဖို့ သက်ဆိုင်ရာခရိုင်အလိုက် ပြည်နယ်စစ်ကောင်စီက ညွန်ကြားထားတာပါ။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ် မှုထမ်းဥပဒေကို ဝိုင်းဝန်းလုပ်ဆောင်ပေးနေသူတွေအနေနဲ့ အာဏာရှင်သက်ဆိုးရှည်မယ့် လုပ်ရပ်ကို ချက်ခြင်းရပ်ကြဖို့ သတိပေးတိုက်တွန်းပါတယ်။

“စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ဝိုင်းဝန်းကူညီဆောင်ရွက်လုပ်ဆောင်ပေးနေတဲ့ အုပ်ကြီးတွေ၊ လူတွေ၊ ဝန်ထမ်းတွေအားလုံးကို ဒီနေရာကနေ မေတ္တာရပ်ခံ တောင်းပန်သတိပေးချင်တာက အာဏာရှင်စစ် အုပ်စုသက်ဆိုးရှည်မယ့် ဒီလုပ်ရပ်ကို ချက်ခြင်းရပ်ကြပါ။ သူတို့ရဲ့ ခိုင်းစေမှုကို ခင်ဗျားတို့ ငြင်းဆန်မလား ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဥပ ဒေနဲ့ အရေးယူခြင်းခံရမလား။ ဒါကို ခင်ဗျားတို့ရွေးဖို့လိုပြီလို့ ကျွန်တော်ပြောချင်တယ်”လို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက်နေ့က ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအတွက် တပ်သား သစ်စုဆောင်းနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးကို မဟာမိတ်ပူးပေါင်းတပ်တွေက ဖမ်းဆီးပြီး လက် နက် ခဲယမ်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ MSRF နဲ့ မဟာမိတ်တပ်တွေ သတင်းထုတ်ပြန်ပါတယ် ။

လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ကာ ပြည်သူ့စစ်အဖွဲ့ဝင်သုံးဦးကို နေ့ချင်းမှာပင် ပြန်လွှတ်ပေးခဲ့ပြီး ခေါင်းဆောင်နှစ်ဦးကိုတော့ ဆက်လက်ထိန်းသိမ်းထားပေမယ့် သိမ်းဆည်းထားတဲ့ လက်နက်တွေကို လုယူပစ်ခတ်တာကြောင့် ရှင်းလင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်နဂါးကတော့ “စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းပုဂ္ဂိုလ်မဆို မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ ရန်သူလို သဘောထားပြီး ရန်သူလို့ ပြတ်ပြတ်သားသား ဖြေရှင်းသုတ်သင်သွားမယ်လို့ ကျွန်တော်တို့ မူချထားတာ ရှိတယ်ဗျ”လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီAD ကလည်း စစ်ကောင်စီအတွက် ပြည်သူ့စစ်မှုထမ်းဖို့ ဆောင်ရွက်ပေးတဲ့ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မတ်လတတိယအပတ်မှာ အမိန့်ပေးထုတ်ပြန်ထားတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေကြောင့် သင်တန်းသားစုဆောင်းရာမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ မွန်ပြည်နယ်က ကျိုက်ထို၊ ဘီးလင်း၊ သံဖြူဇရပ်နဲ့ ရေးမြို့ နယ်တို့မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေဟာ လူငယ်တွေကို မတရားဖမ်းဆီးတာဖြစ်တဲ့အတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးသူ တော်တော်များများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက မတရားတဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး လူငယ်တွေကို ဖမ်းဆီးလိုက်တဲ့အခါကျတော့ ပြည်ပထွက်ပြေးတာတွေ၊ တိုင်းရင်းသားဒေသတွေမှာ ပြေးတာတွေ အဲဒီလို မပြေးနိုင်တဲ့သူက အဖမ်းခံရတာပေါ့ဗျာ။ အဲဒီတော့ အဲဒီအလုပ်တွေကို ပြည်သူလူထုက မကြိုက်တဲ့အတွက် လုပ်တဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ တော်တော်များနေပါတယ်။ ဒါပေမယ့် အဲဒီအလုပ် (စစ်မှုထမ်းစုဆောင်းပေးတာ) ဆက်လုပ်နေသမျှ ရှိနေဦးမယ်လို့ ကျွန်တော်တော့ မှန်းဆပါတယ်။ ရာအိမ်မှူးတွေဘာတွေ သတ်ဖြတ်တဲ့ကိစ္စ ဆက်ပြီးရှိနေဦးမှာပဲ”လို့ ဆိုပါတယ်။

ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် စစ်ကောင်စီက နိုင်ငံတဝန်းမှာ လူငယ် ၄၃၀၀ ကျော်ကို စစ် သားစုဆောင်းပြီး သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ထားတယ်လို့ ဖော်ပြပါတယ်။

မွန်ပြည်နယ်မှာတော့ သံဖြူဇရပ်မြို့ နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် တကက – ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ သင်တန်းသားအယောက် ၂၀၀ ကျော်ရှိတယ်လို့ BACS ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF/SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.