ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံလိုက်ရတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

0
46

မင်္ဂလာပါရှင် 


သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရပြီး ကျဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ 

ဒီအကြောင်းကို Truth Media ၊ ဟန်ငြိမ်းဦးနဲ့ မှိုင်းဝေစတဲ့ စစ်တပ်လော်ဘီအကောင့်တွေနဲ့ စစ်တပ်ပုံသုံးထားတဲ့ အကောင့်တုတွေမှာ ဧပြီလ ၂၄ ရက်နေ့က ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေ နေတာပါ။

မွန်နဲ့ ကရင်ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ KIC သတင်းဌာနမှာတော့ ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းဟာ သတင်းမှားဖြစ်တယ်လို့ သက်ဆိုင်ရာကို မေးမြန်း ပြီးဖော်ပြထားပါတယ်။ 

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ဓာတ်ပုံဟာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ရဲ့ ဓာတ်ပုံမဟုတ်ဘဲ မုံရွာမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်းကျဆုံးသွားတဲ့ အသက် ၂၅ နှစ်အရွယ် PDF ရဲဘော် Jade ရဲ့ ဓာတ်ပုံဖြစ်တယ်လို့ မြန်မာနောင်းသတင်းဌာနက ဖော်ပြထားပါတယ်။ 

ရေးဘီလူးကလည်း သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေ သတင်းမှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး ရုပ်သံဖိုင်ပြန်လည်မျှဝေထားပါတယ်။ 

KICသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0F2diJgb8PfwtDqnt8XHP35oVT2LYMoXmntFr9LuWLesNJNd21QumEdGwBdP45fTxl&id=100064406626483&mibextid=Nif5oz&_rdc=1&_rdr

Myanmar Nowသတင်းဌာနကဖော်ပြထားတဲ့သတင်း

https://web.facebook.com/myanmarnownews/posts/pfbid029WKSCZmnNdWALjDVbQ2sbVDGoBSTrX2uJyTZzDzeTayrninu8BVqHLDzG8NTojGAl?fbclid=IwZXh0bgNhZW0CMTEAAR2yDrQ4QvmhpY7471WgO6l0lL82buPhbbNIeTKeNW_hPaNWVOne6LTlQQE_aem_AWceG1ylYClVtS9tfqs_uU4Wj17a3c-NbZV9acdXfrwF3XlIKxhTBY79wbIqCff7Las0QO4i8TzRmyb2UOrYeFaY&_rdc=1&_rdr

ရေးဘီလူး ဖေ့ဘုတ်အကောင့်ကနေ ကိုယ်တိုင် ပြောပြထားတဲ့ ရုပ်သံဖိုင်

https://web.facebook.com/100079334066131/videos/733207115631185/

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.