မင်္ဂလာပါရှင်


သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ကရင်ပြည်နယ်၊ မြဝတီနဲ့ သင်္ဃန်းညီနောင်မြို့တွေက ပြည်သူပိုင်နေအိမ်တွေကို တော်လှန်ရေး တပ်တွေ ဖောက်ထွင်းနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို ဟန်ငြိမ်းဦး၊မှိုင်းဝေနဲ့ စောဘမောင် စတဲ့ စစ်တပ်လော်ဘီအကောင့်တုတွေနဲ့ စစ်တပ်ပုံတင်ထားတဲ့ အကောင့်တုတွေက ဧပြီလ ၁၂ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင် ဖြန့်ဝေနေတာပါ။ 

မြဝတီနဲ့ သင်္ဃန်းညီနောင်မြို့တွေက ဒေသခံတွေရြ့ နေအိမ်တွေကို တိုက်ပွဲမဖြစ်ခင်ထဲက သူခိုး တွေခိုးယူနေကြတာဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ မြဝတီနဲ့ သင်္ဃန်းညီနောင်က လူနေအိမ်၊စျေးဆိုင်နဲ့ ဖုန်းဆိုင် တွေကို သူခိုးတွေဖောက်ထွင်းခိုးယူတာတွေရှိတယ်လို့ ဒေသခံတွေကို မေးမြန်းပြီး ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC မှာဖော်ပြထားပါတယ်။

လွတ်လပ်တဲ့သတင်းဌာနဖြစ်တဲ့ The Irrawaddy Burmese Edition သတင်းဌာနကတော့ မြဝတီ မြို့ကို ခိုးဆိုးလုယက်သူတွေဟာ မြို့ထဲမှာ အုပ်စုလိုက် ဂိုဏ်းဖွဲ့ပြီး အိမ်ဖောက်ထွင်းတာနဲ့ ပစ္စည်း လုယက်တာတွေလုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပြီး အဲဒီဂိုဏ်းတွေကိုလည်း ကြောက်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပထားပါတယ်။

KICသတင်းဌာန ဖော်ပြထားတဲ့သတင်း         

https://mobile.facebook.com/story.php?story_fbid=pfbid0bmo9SepzAXbcm7HBwNE1bW37QtESnWasJLsDCMpLRsd743xo8rgpb9uWdomXBgDpl&id=100064406626483&mibextid=Nif5oz&_rdc=1&_rdr

The Irrawaddy Burmese Edition သတင်းဌာန ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0VYRSvCcFPMvTHdhGS5ozGDpruwPaPLoNaC4xtY9RBotJkrVDMzs1DZepjZ4m2T1Xl&id=100064895881172&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.