March 29, 2024

သုံးလအတွင်း ဗီယက်နမ်စီးပွားရေး ၆ ရာခိုင်နှုန်းနီးပါး တိုးတက်

ဟနွိုင်း၊ မတ် ၃၀ ဗီယက်နမ်နိုင်ငံရဲ့ အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ ပြည်ပသို့ ကုန်တင်ပို့မှုအားကောင်း လာတာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ်ပထမ သုံးလပတ်အတွင်း ၅ ဒသမ ၆၆ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၃ ဒသမ ၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီနှစ်မှာတော့ ဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်ခဲ့တယ်လို့ ဆိုထားတာပါ။ ဒါပေမယ့်…

တရားရေးမှာ စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက်မှု စုံစမ်းစစ်ဆေးမယ်လို့ ပါကစ္စတန်အစိုးရပြော

ကရာချီ၊ မတ် ၃၀ တရားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထောက်လှမ်းရေး အေဂျင်စီတွေဘက်က ဝင်ရောက်ချယ်လှယ် ခြိမ်းခြောက်မှုတွေရှိတယ်ဆိုတဲ့ တရားသူကြီး ၆ ဦးရဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့ ကော်မရှင် ဖွဲ့စည်းသွားမယ်လို့ ပါကစ္စတန်ဥပဒေရေးရာဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ဖြစ်သူ ရှီဘက်ဇ် ရှရစ်ဖ်နဲ့ ဥပဒေရေးရာအကြီးအကဲ ခါဇီ ဖက်စ်အီဇာတို့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ ဝန်ကြီး အဇန်နာဇီယာ တာရာက…

စစ်အာဏာသိမ်း (၁၁၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၃၀ AAPP ရဲ့ မတ် ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၅၃) ရက်အတွင်း ပြည်သူ (၄၈၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၆၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ဓမ္မသရွာထဲ ပိတ်မိနေကြတဲ့ စစ်ရှောင်ပြည်သူ တစ်ထောင်နီးပါးကယ်ထုတ်

ကျိုက်မရော ၊ မတ် ၃၀ ဂျိုင်းမြစ်အတွင်း တပ်စခန်းချထားတဲ့ စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ် ဓမ္မသရွာအနီးတဝိုက် ပိတ်မိနေကြတဲ့ စစ်ရှာင်ပြည်သူတစ်ထောင်နီးပါး ကယ်ထုတ်ထားနိုင်ခဲ့ပြီလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ကရင်နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးချိန်ကတည်းက စစ်ကောင်စီတပ်ဟာ အနီးအနားရှိကျေးရွာတွေကို ကြည်း၊ ရေ၊ လေတပ်ကနေ လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာပါ။…

မော်လမြိုင်က စက်သုံးဆီအရောင်းတချို့မှာ ဆီပြတ်လပ်မှု ထပ်ကြုံနေရ

မော်လမြိုင် ၊ မတ် ၃၀ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မတ်လနောက်ဆုံးပတ်အတွင်း စက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပြီးနောက် စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်မှု ထပ်မံကြုံတွေ့ နေရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ မတ်လပထမအတွင်း ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၂၈၀၀ ကျော်သာ ရှိခဲ့ပေမယ့် မတ်လနောက်ဆုံးအပတ်မှာတော့ တစ်လီတာကို ကျပ် ၃၀၀၀ နီးပါး…

ကျွန်းစုတိုက်ပွဲမှာ ပျူစောထီးခေါင်းဆောင်အပါအဝင် ၄ ဦးသေဆုံး

ကျွန်းစု၊ မတ် ၃၀ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်အပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း၂ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့မှာ တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲ့တိုင်ကျေးရွာ၊ ယမုံရွာနဲ့ ယမုံမြစ်ဝတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ…

တိုက်ပွဲမဖြစ်တဲ့ အပစ်ရပ် ၇ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေး

နေပြည်တော် ၊ မတ် ၃၀ နှစ်ဘက်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့တို့ဟာ မတ် ၂၈ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးမှုမှာ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ အပစ်ရပ် ၇ ဖွဲ့ဘက်က PNLO နာယက…

ကမ္မမှာ စစ်ကောင်စီယာဉ်တန်း လမ်းအတိုင်းမသွားရဲလို့ လမ်းသစ်ဖောက်ဖို့ပြင်ဆင်နေ

ကမ္မ – မတ် ၂၉ မကွေးတိုင်း၊ပခုက္ကူမြို့နယ်ကနေ ထွက်လာတဲ့ အစီး ၁၀၀ ကျော်ပါတဲ့ ယာဉ်တန်းဟာ မူလလမ်း အတိုင်းမသွားရဲတော့တာကြောင့် လမ်းသစ်ဖောက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ကမ္မမြို့ကနေ ပေါက်မြို့နယ်ကို ကတ္တရာလမ်းအတိုင်းသွားချိန်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆက်မသွားရဲတော့တာလို့ ဆိုပါတယ်။ ကမ္မမြို့ကနေ ပေါက်မြို့ကို ဆိုင်ကယ်နဲ့သွားမယ်ဆိုပါက ၁…

သက္ကောဂိတ်ကို မွန်နဲ့PDF ပူးပေါင်းတပ် ဝင်တိုက်

သံဖြူဇရပ်၊ မတ် ၂၉ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာ ဘုရားသုံးဆူလမ်းဝရှိ စစ်ကောင်စီရဲ့ သက္ကောဂိတ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်နဲ့PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တပ်အင်အား ၄၀ နီးပါး တပ်စွဲထားတဲ့ သက္ကောစစ်ဆေးရေးဂိတ်ကို မနေ့ မတ် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်မှာ မွန်နဲ့ PDF တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေက…

တနင်္သာရီမှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်တကွ အလင်းဝင်

တနင်္သာရီ၊ မတ် ၂၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန္ဒေါစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ မြိုတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက မတ် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က တနင်္သာရီမြို့နယ် အခြေစိုက် ခလရ ၁၀၁ တပ်ရင်းကနေ သိန္ဒောစခန်းမှာ တာဝန်ကျနေတဲ့ တပ်သား ကျော်သက်ပိုင်ဟာ…