March 7, 2024

အမေရိကန်သမ္မတရာထူးရဖို့ကြိုးပမ်းမှုကနေ နစ်ကီဟာလေ နုတ်ထွက်

ဝါရှင်တန် ၊ မတ် ၈ နစ်ကီဟာလေးဟာ ရီပတ်ပလစ်ကန် ပါတီရဲ့တစ်ပြေးနေတဲ့ သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ထရန့်ကိုစိန်ခေါ်နေမှုကနေ အဆုံးသတ်လိုက်ပြီဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ သမ္မတဟောင်းနဲ့ လက်ရှိသမ္မတတို့သာ အဓိကယှဉ်ပြိုင်ရတော့မှာပါ။ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ထရန့်လက်ထက်က ကုလသမဂ္ဂ ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ နစ်ကီဟာလေဟာ ရီပတ်ပလစ်ကန်တို့ရဲ့ သမ္မတလောင်းရွေးချယ်ရေး နေရာ ၁၅ ခုထဲက ၁၄ နေရာမှာ ထရန့်ကို…

စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အရှိန်မြှင့်ဖို့ ကင်ဂျုံအန် အမိန့်ပေး

ပြုံယမ်း ၊ မတ် ၈ မြောက်ကိုရီးယားခေါင်းဆောင်ဟာ နိုင်ငံအနောက်ပိုင်း စစ်ဆင်ရေးအခြေစိုက်စခန်းမှာ လေ့ကျင့် မှုတွေပြုလုပ်နေတဲ့ စစ်သားတွေကို သွားရောက်တွေ့ဆုံပြီး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အရှိန်တိုးမြှင့်ကြဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA မှာဖော်ပြထားပါတယ်။ တောင်ကိုရီးယားက အရင်နှစ်ကထက် စစ်သည်အင်အား နှစ်ဆကျော်ပါဝင်တဲ့ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးနောက် ကင်ဂျုံအန်က သူရဲ့စစ်အခြေစိုက်စခန်းကို သွားရောက်ခဲ့တာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအတွက် လိုအပ်ချက်တွေနဲ့အညီ စစ်ပွဲအတွက်…

ဆောမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး

ဆော – မတ် ၇ မကွေးတိုင်း၊ဆောမြို့နယ် ကျောက်ထုအမြောက်တက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ ကျောက်ထုအမြောက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ အတွက် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးနောက် ကလေးငယ်က သေဆုံးခဲ့ရတာပါ။ “ကလေးလေးကတော့ ဆုံးသွားပြီ။ လက်နက်ကြီးနဲ့ ၇ ချက်လောက်ပစ်ခံရတာ။ အမျိုးသမီးက…

ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးပွဲ စစ်ကောင်စီကန့်ကွက်လို့ တရားမဝင်အဖြစ်ပြီးဆုံး သွားတယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ထိုင်းနိုင်ငံလွှတ်တော်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီ ဘက်က ကန့်ကွက်ခဲ့တဲ့အတွက် တရားမဝင်ပွဲအဖြစ်ပြီးဆုံးသွားပြီဖြစ်တယ်လို့ စစ်ကောင်စီတပ် လော်ဘီတွေသတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို တပ်ကြပ်ကြီးဖိုးစီ၊အောင်စစ်သည်၊Saw Ba Maung၊ဟန်ငြိမ်းဦးနဲ့ နောင်ရိုးစစ် သည် စတဲ့…

ဆီဆိုင်မြို့ပေါ်ကို စစ်ကောင်စီတစ်ရက်အတွင်း လက်နက်ကြီးအလုံး ၁၀၀ နီးပါးပစ်ခတ်

ဆီဆိုင် – မတ် ၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီက တစ်ရက်အတွင်း ဒရုန်း၊လက်နက်ကြီးတွေနဲ့ အကြိမ် ၁၀၀ နီးပါးအထိပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဆီဆိုင်မြို့မြောက်ဘက်နဲ့ ဆိုက် ခေါင်းစံပြကျေးရွာအခြေစိုက် စစ်ကောင်စီတပ်တွေက ဆီဆိုင်မြို့ပေါ်ကိုပစ်ခတ်မှုတွေပြုလုပ်ခဲ့တာတာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဆီဆိုင်မြို့နယ်ဆေးရုံအဆောက်အဦးတချို့နဲ့ မြို့တွင်းရှိ အဆောက်အဦးတချို့…

နိုင်ငံတဝန်းမှာ လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

မော်လမြိုင်၊ မတ် ၇ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်ပါတယ်။ UNOCHA ရဲ့ မတ် ၅ ရက်နေ့ထုတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားမှာ လေ ကြောင်း…

စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ခတ်ရပ်စဲရေး ထိခိုက်နိုင်တယ်လို့ ညီနောင်သုံးဖွဲ့တုံ့ပြန်

နမ့်ဆန်၊ မတ် ၇ ရှမ်းမြောက်ရှိ မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာလိုက်တာဟာ နှစ်ဘက်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာမှာကို အထူးစိုးရိမ်မိတယ်လို့ ညီနောင်သုံးဖွဲ့က တုံ့ပြန်ပါတယ်။ နှစ်လနီးပါးကြာ အပစ်ခတ်ရပ်စဲထားတဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးကို TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်သုံးခုအတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင် ရာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ အာဏာအပ်နှင်းခဲ့တယ်လို့…

ဘီးလင်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးရုံး ဖောက်ခွဲဖျက်ဆီးခံရ

ဘီးလင်း၊ မတ် ၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာအုပ်ချူပ်ရေးမှူးရုံးဟာ ဒီနေ့ မတ် ၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကဒွတ်ကျေးရွာအုပ်ချူပ်ရေးမှူးရုံးကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲလိုက်တာလို့ သိရပါတယ်။ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အုပ်ချုပ်ရေးမှူးရုံး အမိုးအကာတွေနဲ့ အဆောက်အဦးနံရံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။…

စစ်အာဏာသိမ်း (၁၁၃၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၄၆) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၇ AAPP ရဲ့ မတ် ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၃၀) ရက်အတွင်း ပြည်သူ (၄၆၄၆ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၂၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၉၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု TNLA ရုတ်သိမ်း

နမ့်ဆန် ၊ မတ် ၇ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်ရှိ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့တဲ့အပေါ် တအာင်းတပ်မတော် TNLA က ရုတ်သိမ်းလိုက်ပြီလို့ မတ် ၆ ရက်နေ့မှာ အသိပေးကြေညာပါတယ်။ ရှမ်းမြောက်ဒေသမှာ နှစ်လနီးပါးကြာ အပစ်ခတ်ရပ်စဲထားပြီးနောက် မတ်လဆန်းမှာတော့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ တရုတ်ကြားဝင်ဦးဆောင်ပေးမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ…