December 8, 2023

ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံအပါအဝင် ၁၃ နိုင်ငံ သဘောတူ

တိုကျို၊ ဒီဇင်ဘာ ၉ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုနဲ့ အမေရိကန် အတိုးနှုန်းတွေ မြင့်တက်လာတာ၊ မသေချာမရေရာမှုတွေ မြင့်တက်နေတဲ့ကြား ဒေသတွင်း အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ဖို့ ချေးငွေအထောက်အပံ့သစ်တစ်ခု ထူထောင်ဖို့ အာဆီယံအပါအဝင် ၁၃ နိုင်ငံ သဘောတူညီခဲ့ပါတယ်။ ဒေသတွင်းဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဆီယံအပြင် ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ လက်ထောက်အရာရှိတို့က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ လျင်မြန်လွန်းတဲ့ ငွေကြေးထောက်ပံ့မှုလို့ အမည်ပေးထားတဲ့…

တရုတ် ပြည်နှင်ဒဏ်ပေးလိုက်တဲ့ မြောက်ကိုရီးယားနိုင်ငံသား ရာနဲ့ချီပျောက်ဆုံးနေ

ပေကျင်း၊ ဒီဇင်ဘာ ၉ ထွက်ပြေးခိုလှုံလာတဲ့ မြောက်ကိုးရီးယားနိုင်ငံသားတွေကို ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း တရုတ်ဘက်က ပြောဆိုခဲ့ပေမယ့် အဲဒီထဲက လူပေါင်း ၆၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ တောင်ကိုရီးယားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေဟာ တရုတ်ရဲ့ သီးခြားပြည်နယ်မှာ ထောင်သွင်းအကျဉ်းချခံရတာ၊ညှဉ်းပန်းနှိပ်စက် ခံရတာ၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပြင် သေဒဏ်ပေးခံရတာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်း အဲဒီအဖွဲ့က သတိပေးထားပါတယ်။ တောင်ကိုရီးယား တရားမျှတစွာအသွင်ကူးပြောင်းရေးဆိုင်ရာ အလုပ်အဖွဲ့(TJWG)ရဲ့…

ရဲတပ်ဖွဲ့အပြောင်းအလဲ ဝေဖန်မှုကြောင့် လွှတ်တော်နှစ်ရပ်ရဲ့ ဆင့်ခေါ်မှုကို ထိုင်းဝန်ကြီးချုပ် ငြင်းဆို

ဘန်ကောက်၊ဒီဇင်ဘာ ၉ ထိုင်းနိုင်ငံမှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့အပြောင်းအလဲအပေါ် သဘောမတွေ့ကြောင်း ပြောဆိုခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်က ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ဒုဝန်ကြီးချုပ် ဆွမ်ဆက်ထေ့ဖ်ဆူတင်သာ လာရောက်ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။ ရဲရေးရာ ထိုင်းအောက်လွှတ်တော်နဲ့ လုံခြုံရေး၊နယ်စပ်ရေးရာ အမျိုးသားရေးမဟာဗျူဟာနဲ့ အမျိုးသားရေး ပြုပြင်ပြောင်းလဲရေး အောက်လွှတ်တော်အဖွဲ့ဝင်တွေဟာ ရဲစခန်းမှူးအသစ် ခန့်အပ်တွေမှုကို မှတ်ချက်ပေး ဝေဖန်ခဲ့တဲ့အတွက် သက်သေခံဖို့ ဝန်ကြီးချုပ် မစ္စတာဆာရီထာကို…

CDM ဗိုလ်ကြီး ကောင်းသူဝင်း နဲ့ ဆက်သွယ်မေးမြန်းချက်

“ခွင့်မဲ့ပျက်ကွက်နေတဲ့ စစ်သည်တွေက ပြန်ပြီးစစ်တပ်ကို တာဝန်ထမ်းဆောင်ဖို့ ဆိုတာ မရှိဘူး။ ရှေ့တန်းမှာ ကြုံခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှုဒုက္ခအမျိုးမျိုးကို သူတို့ခံစားပြီးသွားပြီ။ စစ်တပ်ထဲပြန်ဝင်ပြီးတော့ ဒုက္ခတွေကို ခံစားမယ့်အနေအထားမျိုးမရှိဘူး” စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လည်လက်ခံသွားမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ ဒီဇင်ဘာ…

ရေဖြူမြို့နယ် ဇီးကျဒေသခံ ၁၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံရ

ရေဖြူ၊ ဒီဇင်ဘာ ၈ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာ ဒေသခံပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အမျိုးသားဖြစ်သူတွေကို ရိုက်နက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ဇီးကျကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်…

စစ်အာဏာသိမ်း (၁၀၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၈) AAPP ရဲ့ ဒီဇင်ဘာ(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၄၀) ရက်အတွင်း ပြည်သူ (၄၂၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၅၁၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

“နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ပြောဆိုမှုအပေါ် AA ဘယ်လိုတုံ့ပြန်လိုက်လဲ”

မော်လမြိုင်၊ ဒီဇင်ဘာ ၈ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးမလှရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြောလာတာဖြစ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဆက်ပြီး မိုက်တွင်းနက်နေမယ်ဆိုပါက မိုက်တွင်းနက်တဲ့ဒဏ်ကို ပြည်သူတွေသာ ခံစားရမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့လိုတယ်လို့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် AA အပါအဝင်…

မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်နေလို့ နာရီနဲ့ချီတန်းစီစောင့်ဆိုင်း ဝယ်ယူနေရ

မော်လမြိုင်၊ ဒီဇင်ဘာ ၈ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ ဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာကြောင့် နာရီနဲ့ချီတန်းစီစောင့်ဆိုင်းနေရသလို လုံးဝပြတ်လပ်မှုတွေအထိ ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ စက်သုံးဆီပြတ်လပ်မှုဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ ဆိုးဆိုးဝါးဝါး ပြတ်တောက်လာတာ၊ လိုသလောက်ဝယ်ယူလို့မရတာတွေအပြင် အချိန်ကြာမြင့်စွာတန်းစီပြီး ဝယ်ယူရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတာပါ။ စက်သုံးဆီဝယ်ယူတဲ့နေရာမှာလည်း…