October 2023

ထိုင်ဝမ်အတိုက်အခံပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ ပူးပေါင်းပြင်ဆင်

တိုင်ပေ၊ နိုဝင်ဘာ ၁ ထိုင်ဝမ်ရဲ့ အဓိက အတိုက်အခံပါတီနှစ်ခုဟာ လွှတ်တော်နေရာ အများအပြားရရှိရေးအတွက် လာမယ့် ဇန်ဝါရီလမှာ ကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပူးပေါင်းပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။ အများပြည်သူဆိုင်ရာ စစ်တမ်းတွေမှာတော့ သမ္မတကိုယ်စားလှယ်လောင်းနေရာအတွက် ထိုင်ဝမ်ရဲ့ လက်ရှိ အာဏာရပါတီ Democratic Progressive ရဲ့ ဒုတိယသမ္မတက ဦးဆောင် နေပြီး ကူမင်တန်ပါတီနဲ့ ထိုင်ဝမ်လူ ထုပါတီ…

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံဈေးတက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်ပြော

ဇူရစ် ၊နိုဝင်ဘာ ၁ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲပိုမိုပြင်းထန်လာပါက ရေနံနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေလို ကုန်ကြမ်းတွေ ဈေးနှုန်းမတည်ငြိမ်မှုတွေ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ရုရှားရဲ့ ယူကရိန် ကျူးကျော်စစ်လို ဈေးကွက် အတွင်း ဖိအားတွေဖြစ်စေနိုင်ပြီး အဲဒီစစ်ပွဲဟာ ၁၉၇၀ နောက်ပိုင်း ကုန်စည်ဈေးကွက်အတွက် အကြီးမားဆုံးသော တုန်လှုပ်စရာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင်…

နိုင်ငံတောင်းပိုင်ရဲ့ အရေးပေါ်ကာလအမိန့်ကို ၂၀၂၇ မှာ ရုတ်သိမ်းမယ်လို့ ထိုင်းအစိုးရ ပြော

ဘန်ကောက်၊နိုဝင်ဘာ ၁ သောင်းကျန်းမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အမိန့်ကို လာမယ့် ၂၀၂၇ ခုနှစ်မှာ ရုတ်သိမ်းပေးမယ်လို့ ထိုင်းနိုင်ငံကာကွယ်ရေး ဝန်ကြီး မစ္စတာဆူတင်ကလန်ဆန်က ပြောခဲ့ပါတယ်။ အမျိုးသားလုံခြုံရေး၊နယ်စပ်ရေးရာ၊ဗျူဟာတွေနဲ့ ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ အောက်လွှတ်တော်ကော်မတီမှာ ဝန်ကြီး ဆူတင်က ကတိပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ရုတ်သိမ်းဖို့ အောက်လွှတ်တော် ကော်မတီဟာ ကာကွယ်ရေးဝန်ကြီး၊လက်နက်ကိုင်အဖွဲ့…

ဒီပဲယင်းမှာ စစ်ကောင်စီက ပြည်သူ(၈) ဦးကို ဖမ်းဆီးသတ်ဖြတ်

ဒီပဲယင်း – အောက်တိုဘာ(၃၁) စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၈) ဦးကို အကြောင်းမရှိဘဲ ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၁) ရက်နေ့ကနေ (၂၈) ရက်နေ့အတွင်း ဒီပဲယင်းအနောက်ခြမ်းကို စစ်ကြောင်းထိုးပြီး ပြည်သူ (၁၉) ဦးကိုဖမ်းဆီးသွားခဲ့ကာ အဲဒီထဲက (၈) ဦးသတ်ဖြတ်ခံခဲ့ရတာပါ။ “လတ်တလော စစ်ကောင်စီစစ်ကြောင်းက ရေဦး ဒီပဲယင်းနယ်စပ်…

တောင်သမန်စစ်ဆင်ရေးမှာ ဗိုလ်မှူးအဆင့်အပါအဝင် ၇ ဦးဖမ်းဆီးရမိထားတယ်လို့ မန္တလေး PDF အသိပေး

မန္တလေး – အောက်တိုဘာ(၃၁) တောင်သမန် စစ်ဆင်ရေးမှာ စစ်ကောင်စီ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် (၇) ဦးလက်ရဖမ်းဆီး ရမိထားတယ်လို့ မန္တလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၆) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ ဆင်နွှဲခဲ့တဲ့ တောင်သမန် စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားတွေအပြင် လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တာပါ။ မန္တလေး PDF ဖမ်းဆီးရမိခဲ့သူတွေထဲမှာ ဗိုလ်မှူးအဆင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်…

တရုတ် နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့(စကစ)က တောင်ပိုင်း KNU ကို ရစရာမရှိအောင် ခြေမွှပြီးမှ မြောက်ပိုင်းပြန်လာတိုက်တာ။ ဘယ်သူက ထောင်ခြောက်ထဲဝင်တော့မလဲ။ တိုက်စရာရှိတာ တိုက်တော့မှာပေါ့” ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ နှိမ်နင်းရေး စစ်ဆင်ရေးဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့ပြီး ကနဦးစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း ပူးပေါင်းတပ်က…

ရေဖြူမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ရေဖြူ၊ အောက်တိုဘာ(၃၁) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ ဒေသခံနေအိမ်တွေအား မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ရန်ကင်းကျေရွားအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်…

ကျိုက်ဒုံတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိပြီး အရပ်သား တစ်ဦး သေဆုံး

ကျိုက်ဒုံ၊အောက်တိုဘာ(၃၁) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားပြီး အရပ်သားတစ်ဦးလည်း အသတ်ခံလိုက်ရတယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ (SOG)က အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ တနင်္သာရီတိုင်းအခြေစိုက် စစ်ကောင်စီ စကခ ၁၃၊ ခမရ ၃၅၈ နဲ့ ခမရ ၅၅၈ တပ်ရင်းပူးပေါင်းစစ်ကြောင်းဟာ KNU…