August 2023

ပွင့်ဖြူမှာ ငွေအတုထုတ်လုပ်ဖြန့်ချီသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကြေညာ

ပွင့်ဖြူ – ဩဂုတ်(၃၁) မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ ငွေအတု ထုတ်လုပ်ဖြန့်ချီသူ(၂) ဦးကို နှစ်ရက်ဆက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၉) နဲ့ (၃၀) ရက်နေ့တွေအတွင်း ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှာ အိမ်ငှားနေထိုင်ကျတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့တာပါ။ အမျိုးသမီးကို ရှောက်တောကျေးရွာမှာ ငွေအတုထုတ်စက်တွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အမျိုးသားကိုတော့ မြို့ပေါ်က စတိုးဆိုင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့…

ဒီးမော့ဆိုကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူတစ်ဦးသေဆုံး

ဒီးမော့ဆို – ဩဂုတ်(၃၁) ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ KNDF ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဩဂုတ်လ(၃၁) ရက်နေ့ မနက်ပိုင်းက အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတစ်ရွာနဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။ စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေထဲကို မနက်(၄) နာရီကျော် ကစပြီး လေယာဉ်နဲ့…

တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့စံမြေပုံအညွှန်းကို မလေးရှား ပယ်ချခဲ့

ကွာလာလမ်ပူ၊ စက်တင်ဘာ(၁) တောင်တရုတ်ပင်လယ်ရှိ မလေးရှားကမ်းရိုးတန်းမှ ရေပိုင်နက်ကို ပိုင်ဆိုင်ကြောင်း တရုတ်မြေပုံစံနှုန်းအသစ် သတ်မှတ်ချက်ကို မလေးရှားအစိုးရမှ ပယ်ချလိုက်ပါတယ်။ အဲဒီလိုပယ်ချလိုက်ပြီးတဲ့နောက်မှာ ရေနယ်နိမိတ်ပိုင်ဆိုင်ရေးကို အခိုင်အမာပြောဆိုနေတဲ့ ဘေဂျင်းအစိုးရရဲ့ နောက်ဆုံးပေါ်စကားလုံးတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို သူတို့ပိုင်ဆိုင်ကြောင်း ကြွေးကြော်ထားပြီး အဲဒီရေလမ်း ကြောင်းကနေ နှစ်စဉ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ထရီလီယမ်ချီပြီး ရှာဖွေနိုင် တာလည်းဖြစ်ပါတယ်။ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘရူနိုင်းတို့ဟာ…

မြောက်ကိုရီးယားက နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုပြု လုပ်

ပြုံယမ်း – စက်တင်ဘာ(၁) မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားမှာရှိတဲ့ ပစ်မှတ်တွေကို ပုံစံတူပြုလုပ်ပြီး မြေလှန် စနစ်နဲ့ နျူကလီးယားတိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်က နျူကလီးယား တိုက်ခိုက်ဖို့ အစီအစဉ်ရှိနေတဲ့အတွက် အခုလိုပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုထားတာပါ။ ဒုံးကျည်တပ်ဖွဲ့ဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပြီး နျူကလီးယားတိုက်ခိုက်မှုမစ်ရှင်ကို မှန်ကန်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ပြည်သူ့တပ်မတော်(KPA) ရဲ့…

တရုတ်နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်စစ်ဗိုလ်ရဲ့ မြေးထံသို့ သမ္မတရှီ စာပေးပို့

ပေကျင်း – စက်တင်ဘာ(၁) ဒုတိယကမ္ဘာစစ်ကာလအတွက်းက ဂျပန်ကျူးကျော်စစ်ကို တိုက်ခိုက်ဖို့တရုတ်နဲ့အတူတိုက်ပွဲဝင် ခဲ့တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇပ်စတဲလ်ဝဲရဲ့ အသက်(၁၄၀) မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သမ္မတရှီက မြေးဖြစ်သူထံကို စာပေးပို့ ဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်ရဲ့ ချစ်ကြည်ရင်းနှီးမှုကို ချီးကျူးသလို တရုတ်အစိုးရနဲ့ နှစ်ပေါင်းရှည်ကြာ ဆက်ဆံရေးဖလှယ်ထားနိုင်တဲ့ မိသားစုကို ကျေးဇူးတင်တယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီးရဲ့ မြေးဖြစ်သူကို ပေးပို့ခဲ့တဲ့စာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်…

အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီး တင်မျိုးအောင် ပစ်ခတ်ရှင်းလင်းခံရ

အုတ်ဖို – ဩဂုတ်(၃၁) ပဲခူးတိုင်း၊သယာဝတီခရိုင် အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ်မှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီးတင်မျိုးအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဩဂုတ်လ(၃၁) ရက်နေ့ မနက်ပိုင်းက အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီး တင်မျိုးအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၄(မြေအောက်ပျောက်ကြားတပ်ဖွဲ့-အုတ်ဖို) ကပစ်ခတ်ရှင်းလင်းခဲ့တာပါ။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဗိုလ်ကြီး…

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်

“တီမောရဲ့ သံတမန်ဆိုင်ရာအခွင့်အရေးက ကာလတစ်ခုအထိတော့၊ စစ်ကောင်စီမဖျက်သိမ်းမီကာလတစ်ခုအထိ တော့ အာဆီယံအဖွဲ့ဝင်ရေးကို ဆိုင်းငံ့ထားရတဲ့ အခြေအနေတော့ ရင်ဆိုင်ရနိုင်တယ်” စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့ တီမောလက်စ်တေနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးက သံရုံးယာယီတာဝန်ခံကို စက်တင်ဘာ ၁ ရက်နေ့ မတိုင်မီ ထွက်ခွာဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့တာပါ။ တီမောအစိုးရကတော့ စစ်ကောင်စီရဲ့…

ဘီးလင်းမှာ လူနာတင်ယာဉ်တစ်စီး ကြားညှပ်ပစ်ခတ်ခံရ

ဘီးလင်း၊ သြဂုတ်(၃၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တိုရဲ့ နှစ်ဖက်ပစ်ခတ်မှုအတွင်း လူနာတင်ယာဉ်တစ်စီး ကြားညှပ်ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့သြဂုတ် ၂၉ ရက်နေ့က ကျိုက်ထိုဘက်နေ သထုံဘက်ကို မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။…