March 8, 2023

တရုတ် ခရီးသွားတွေအတွက် ကိုဗစ် ၁၉ စစ်ဆေးမှုလိုအပ်ချက်တွေကို အမေရိကန်ရုတ်သိမ်းပေး

ဝါရှင်တန်၊ မတ်(၉) အမေရိကန်ရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာဟာ တရုတ်နိုင်ငံကလာရောက်တဲ့ ခရီး သွားတွေအတွက် မဖြစ်မနေ ကိုဗစ်၁၉စစ်ဆေးဖို့ လိုအပ်ချက်တွေကို အခြားနိုင်ငံတွေနည်းတူ မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ဖျက်သိမ်းပေးသွားတော့မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီလိုတွေဖြေလျော့ပေးလိုက်ပေမယ့် တရုတ်နိုင်ငံနဲ့ ကမ္ဘာတဝှမ်းရှိ ကူးစက်မှုဖြစ်စဉ်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကိုဗစ်၁၉စစ်ဆေးမှု…

ကမ္ဘာ့အမျိုးသမီးများနေ့ အထိမ်းအမှတ် အစိုးရတချို့က အပြောင်းအလဲ ကြိုးပမ်းနေကြပြီး တက်ကြွလှုပ်ရှားသူတွေ ချီတက် ဆန္ဒပြ

ဝါရှင်တန် – မတ်(၉) တက်ကြလှုပ်ရှားသူတွေဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုချီတက်ဆန္ဒပြ ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး နိုင်ငံအများအပြားက အစိုးရတွေကလည်း ကမ္ဘာ့လူဦးရေထက်ဝက် အတွက် တိုးတက်အောင် ကူညီလုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။ ကနေဒါနိုင်ငံက သမိုင်းဝင် မတရားမှုနဲ့ ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ဥပဒေတွေကို ရုပ်သိမ်းခဲ့ ပြီး ဂျပန်မှာ ကျားမရေးရာ သဘောထားတွေကို ပြောင်းလဲအောင်လုပ်ဆောင်ကြဖို့ လိုအပ်တယ်…

ထိုင်းတော်ဝင်မိသားစုကို စော်ကားပုပ်ခတ်ရေးသားထားတဲ့ ပြက္ခဒိန်ရောင်းချသူထောင် (၂) နှစ်ချခံရ

ဘန်ကောက် – မတ်(၉) ထိုင်းတရားရုံးတော်က အဝါရောင်ဘဲရုပ်တွေနဲ့ သရောစာတွေပါဝင်တဲ့ ပြက္ခဒိန်တွေကို ရောင်းချ တဲ့ ထိုင်းအမျိုးသားတစ်ဦးကို ထောင်ဒဏ်(၂) နှစ်ချမှတ်ခဲ့ပြီး အဲဒီအဝါရောင်ဘဲအရုပ်တွေဟာ တော်ဝင်မိသားစုကို စော်ကားပုပ်ခတ်တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ ရာဘာဘဲအရုပ်ပုံစံမျိုးစုံကို အတွဲလိုက်ဖော်ပြထားတဲ့ ၂၀၂၁ ပြက္ခဒိန်နဲ့ ပတ်သက်ပြီး ထောင်ဒဏ် (၁၅) နှစ်အထိ ချမှတ်နိုင်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံး ဘုရင့် ဥပဒေအရ ထိုင်းနိုင်ငံရဲ့…

သထုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး ကလေးငယ် ၂ ဦး သေဆုံး

သထုံ၊ မတ်(၈) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၁) နဲ့…

ချဲလ်ဆီးနဲ့ ဘင်ဖီကာအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်

မော်လမြိုင်၊ မတ် ၈ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်း ချဲလ်ဆီးအသင်းနဲ့ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းတို့ဟာ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းတွေကို အသီးသီး အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျာမန်ကလပ်အသင်း ဒေါ့မွန်အသင်းကို ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး…

ခင်ဦးမြို့ကကျေးရွာတွေမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပညာပေး ဟောပြောပွဲကျင်းပ

ခင်ဦး – မတ်(၈) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ(၃) ရွာမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပညာပေး အကြိုဟောပြောပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့က အမျိုးသားညီညွတ်ရေးအစ အကြိုသက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးရဲ့ ယန္တရားတွေသိသာထင်ရှားစွာ တရားဝင် လည်ပတ်နေမှု(အသက်ဝင်နေမှု) သိရှိ ကြစေဖို့နဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ တန်းတူညီမျှစွာရရှိစေရေး ကျယ်ကျယ် ပြန့်ပြန့်သိရှိကြစေဖို့ ရည်ရွယ်ချက်တွေနဲ့…

KNU ဖာပွန်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် ပျက်စီး

ဖာပွန်၊ မတ်(၈) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုအ သုံးပြုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ(၁)လအတွင်း အရပ်သားပြည်သူ(၃) ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ တပ်မဟာ(၅)က မတ် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ (၁)လအတွင်း ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ အရပ်သားပြည်သူတွေရဲ့ လယ်ယာ…

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုက အားရကျေနပ်စရာရှိလာတယ်လို့ NUG ပြော

မော်လမြိုင် – မတ်(၈) စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အမေရိကန်နဲ့ တကွ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ အတိုင်းအတာ တစ်ခုအထိ အားရကျေနပ်စရာရှိလာ ပေမယ့် တော်လှန်ရေးအင်အားစုတွေအတွက် ဒီထက်ပိုမိုထိရောက်တဲ့ အကူအညီပံ့ပိုးမှုတွေ လိုသေး တယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၉) ကြိမ်မြောက် အစည်းအဝေးမှာ…