September 2022

ဆော်လမွန်ကျွန်းနိုင်ငံတွေကို တရုတ်ဝင်ရောက်လာချိန်မှာ အမေရိကန်ပြည်ထောင်စုကလည်း ကောဇောနီခင်းတဲ့ သံတမန်ရေးကို စတင်

ဝါရှင်တန်၊ စက်တင်ဘာ (၃၀) ဒေသအတွင်း တရုတ်လွှမ်းမိုးမှုမြင့်တက်လာတာကို ရင်ဆိုင်နေရချိန်မှာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပစိ ဖိတ်ကျွန်းဆွယ်ခေါင်းဆောင်တွေအတွက် ကောဇောနီးခင်းတဲ့ ဆက်ဆံရေးကို ပြောင်းလဲလိုက်ပါတယ်။ ဝါရှင်တန်မှာ ကျင်းပတဲ့ ပထမဦးဆုံး ထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အနိမ့်ပိုင်းမှာ တည်ရှိနေ တဲ့ ကျွန်းနိုင်ငံတွေကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေဖြစ်သော ကပ်ဘေးတွေ၊ ရာသီဥတုပြောင်းလဲခြင်းတွေနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးကနေ ဖြစ်ပေါ်နိုင်တဲ့…

ICC မှာ အာဏာသိမ်းစစ်ကောင်စီ ကိုအရေးယူဖို့ မဲဆောက်ရောက်မြန်မာတွေ ဆန္ဒထုတ်ဖော်

မဲဆောက် – စက်တင်ဘာ(၃၀) အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး ICC မှာ စစ်ဆေးအရေးယူပေးဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီနေ့ ဆန္ဒပြပွဲကို မြန်မာလူထုအသံလှုပ်ရှားမှုအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – ဟိန်းအောင်၊ ဖိုတိုဒါန

စင်္ကာပူလေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦးက ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်

စင်္ကာပူ – စက်တင်ဘာ(၃၀) လေယာဉ်အမှုထမ်းတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး သူ့ရဲ့ လက်ကိုင်အိတ်ထဲမှာ ဗုံး တစ်လုံးပါရှိတယ်ဆိုတဲ့ အသက်(၃၇) နှစ်အရွယ်အမျိုးသားတစ်ဦးကို စင်္ကာပူလေကြောင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဆန်ဖရန်စ္စကိုကနေ စင်္ကာပူကို ပျံသန်းလာတဲ့ SQ33 လေယာဉ်ပေါ်မှာ ဗုံးခြိမ်းခြောက်မှု ဖြစ် ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို မနက် (၂)နာရီ(၄၀) မိနစ်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။…

ကရာချိမြို့မှာ တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး ပစ်ခတ်ခံရ

ကရာချိ၊ စက်တင်ဘာ (၃၀) ပါကစ္စတန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိမှာ စက်တင်ဘာ ၂၈ ရက်နေ့က က သွားဘက်ဆိုင်ရာလူနာအဖြစ် ဟန်ဆောင်ထား တဲ့ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့်တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ပွား ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် ဆာဒါ ရပ်ကွက်မှာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ ဆေးခန်းအတွင်းရောက်ရှိနေတဲ့ တရုတ်စုံတွဲတစ်တွဲ…

မန်ယူအသင်းရဲ့ တစ်လတာ အကောင်းဆုံးကစားဆုကို အဲရစ်ဆင် ဆွတ်ဆူးရရှိ

မော်လမြိုင်၊ စက်တင်ဘာ (၃၀) ပရီးမီးယားလိဂ်ကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စက်တာဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ အဲရစ်ဆင်က ဆွတ်ဆူးရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ အသင်းဖော် တိုက်စစ်ကစားသမား အန်တိုနီကို ကျော်ဖြတ်ပြီး တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ ကွင်းလယ်လူ အဲရစ်ဆင်ဟာ မန်ယူအသင်း…

ပြည်တွင်းပြည်ပ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရရင် NUG ကိုတိုင်ကြားနိုင်လို့ဆို

မော်လမြိုင် – စက်တင်ဘာ(၃၀) အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်တွင်း၊ပြည်ပ ကအလုပ်သမားတွေနဲ့ သင်္ဘောသား တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တရားကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်တွင်း၊ပြည်ပ ကအလုပ်သမားတွေရဲ့ နစ်နာမှုတွေကို မှတ်တမ်းယူတာနဲ့ ကူညီဖြေရှင်းပေးတာတွေကို ဆောင်ရွက် နိုင်ဖို့ အလုပ်သမားရေးရာ နစ်နာမှု အချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားရေးယန္တရားကို ပြီးခဲ့တဲ့ ဧပြီလက စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့…

လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရကာ တစ်ဦး ဒဏ်ရာရ

လွိုင်ကော်၊ စက်တင်ဘာ (၃၀) ကယား​ပြည်နယ်၊ လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ပြီး ခရီးသည်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်ဟာ ဒီကနေ့စက်တင်ဘာလ ၃၀ရက်၊ နံနက် ၈နာရီ၅၀ခန့်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရန်ကုန်မှလွိုင်ကော်ကို ဆိုက်ရောက်လာတဲ့ ခရီးသည်တင်လေယာဉ်မှာ ပစ်ခတ်ခံခဲ့ရတာပါ။ “ဖြစ်စဉ်ကတော့ မှန်ပါတယ်။ လေဆိပ်အဆင်းမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာ၊ ခရီးသည်တစ်ဦးထိတယ်လို့ပြောနေတယ်၊ ကျန်တာတော့မသိရသေးဘူး”လို့ လေဆိပ်နဲ့နီးတဲ့ ပတ်ဝန်းကျင်မှာ…

ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

ဖာပွန်၊ စက်တင်ဘာ (၃၀) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့ သုံးရက်အတွင်း KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ဖာပွန်ခရိုင် ကျော်ခယ်ထာ ကော်ထယ်ဒဲဒေသနဲ့…

တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်

စစ်ခေါင်းဆောင်က သူတို့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေပြီးလို့ ပြောလာတာ တွေ့ရပါတယ်။ အဲလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပဲ ပေးမယ်လို့ ပြောတဲ့အပေါ်မှာ PPST အနေနဲ့ ဘယ်လို မြင်ပါသလဲ။ ဒီအပေါ်မှာ အထွေအထူးတော့ သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ ထုတ်ပြန်ချက်တို့ ဘာတို့မှာလည်း ကျွန်တော်တို့ မကြာခဏ ပြောထားတာရှိတယ်လေ။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု…