April 2022

မွန်မှာ စစ်ကောင်စီ သင်္ကြန်ပွဲတော် ကျင်းပဖို့ စီစဉ်နေပေမယ့် သင်္ကြန်ပစ္စည်း အရောင်းအဝယ် မရှိသလောက် နည်းပါးနေ

မော်လမြိုင် ၊ ဧပြီ (၂) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်ပွဲတော် ကျင်းပဖို့ စီစဉ်နေပေမယ့် သင်္ကြန် အသုံးအဆောင် ပစ္စည်းတွေ အရောင်းအဝယ် မရှိသလောက် နည်းပါးနေတယ်လို့ ဈေးရောင်းနေသူတွေက ပြောပါတယ်။ မွန်ပြည်နယ်ရဲ့ သင်္ကြန်ကာလတွေမှာ ရေပြွတ်၊ ဖုန်းရေစိုခံအိတ်၊ မျက်မှန်၊ ဆပ်ပြာ စပလေးဗူးအပြင် တခြား အသုံးအဆောင် ပစ္စည်းတွေဟာ သင်္ကြန်မတိုင်မီကတည်းက ရောင်းလိုအားကောင်းခဲ့ပေမယ့်…

တရုတ်ရဲ့ထိုင်ဝမ်အပေါ်စစ်ရေးအရဖိအားပေးတာဒီမိုကရေစီနိုင်ငံတွေကိုခြိမ်းခြောက်တာလို့အမေရိကန်ပြော

ဘန်ကောက်- ဧပြီ(၁) ထိုင်ဝမ်ကို တရုတ်ရဲ့သံတမန်ရေးနဲ့စစ်ရေးအရ ဖိအားပေးတာတွေဟာ ဒီမိုကရက်တစ်နိုင်ငံတွေအားလုံး ကိုခြိမ်းခြောက်တာဖြစ်ပြီး ထိုင်ဝမ်ကျွန်းကို ကာကွယ်ဖို့ အမေရိကန်က ကတိပြုထားတယ်လို့ တိုင်ပေက အမေရိကန်သံတမန်က ပြောပါတယ်။ အမေရိကန်ကုန်သည်ကြီးများအသင်းရုံးမှာ ပြုလုပ်တဲ့အခမ်းအနားမှာ AmericanInstitute က ဒါရိုက်တာ ဆန်ဒရာအော့ဒရစ်ကတရုတ်နဲ့အမေရိကန်ကြားသံတမန်ဆက်ဆံရေးနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ “ထိုင်ဝမ်ရဲ့ နိုင်ငံတကာရပ်ဝန်းကို ပိတ်ဆို့ဖို့ သူ့ရဲ့မဟာမိတ်တွေနဲ့ ဖိအားပေးတာ၊ ထိုင်ဝမ်ရဲ့ ဒီမိုကရက်တစ်စနစ်ကို ဝင်ရောက်စွက်ဖက်ဖို့…

Facebook Meta မှ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဟက်ကာတွေဟန်ဆောင်ရယူခဲ့

ဘန်ကောက် – ဧပြီ(၁) Facebookပိုင်ရှင် Meta ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်က တရားဥပဒေစိုးရေးရေးအရာရှိတွေလို့ ဟန်ဆောင်ထားတဲ့ ဟက်ကာတွေကို သုံးစွဲသူတွေရဲ့အချက်အလက်တွေ ပေးအပ်ခဲ့တယ်လို့ ကုမ္ပဏီသတင်းရင်းမြစ်တစ်ခုက ထုတ်ဖော်ပြောခဲ့ပါတယ်။ ဟက်ကာတွေက Meta ကိုပစ်မှတ်ထားပြီး Apple ကုမ္ပဏီဟာလည်း သုံးစွဲသူတွေရဲ့ အချက် အလက်တွေကို ပေးအပ်ထားရတယ်လို့Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။ Apple နဲ့ Meta တို့ဟာ အဲ့ဒီဖြစ်ရပ်တွေနဲ့…

မွန်ပြည်နယ်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီဘက်က အတင်းအကြပ် ဖိအားပေး

မော်လမြိုင် ၊ ဧပြီ (၁) ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ မွန်ပြည်နယ်အတွင်းက ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က အတင်းအကြပ် ဖိအားပေးနေတာ ဖြစ်ပါတယ်။ မွန်ပြည်နယ် ကောင်စီဟာ ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေ၊ ရုပ်ရှင်ရုံပိုင်ရှင်တွေနဲ့ ရုပ်ရှင်ရုံကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးလာတာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ…

မွန်မှာ စစ်ကောင်စီ ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ လာရောက်ဖြေဆိုသူ ၇၀၀ ကျော် ပျက်ကွက်

မော်လမြိုင် ၊ ဧပြီ (၁) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာနေ့မှာ လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၇၀၀)ကျော် ပျက်ကွက်ခဲ့တယ်လို့ စစ်ကောင်စီ ပြည်နယ်ပညာရေးမှူးရုံး အချက်အလက်တွေအရ သိရပါတယ်။ ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ ကျောင်းသား၊ကျောင်းသူ (၁၁၈၀၀) ကျော် လျှောက်ထားခဲ့ပြီး…

လက်နက်ချ အညံ့ခံတာနဲ့ စခန်းမစွန့်ဖို့ စစ်ကောင်စီ ညွှန်ကြားလာတာကြောင့် ရဲတပ်ဖွဲ့အတွင်း ကသောင်းကနင်း ဖြစ်နေ

မော်လမြိုင် ၊ ဧပြီ (၁) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာရင် လက်နက်ချ အညံ့ခံတာနဲ့ စခန်းမစွန့်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားလာတာကြောင့် ရဲတပ်ဖွဲ့အတွင်း ကသောင်းကနင်း ဖြစ်နေတယ်လို့ CDM ရဲအရာရှိတွေက ပြောပါတယ်။ ရဲစခန်း၊ ရဲကင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေကြုံလာလို့ လက်နက်ချအညံ့ခံတာနဲ့ စခန်းကို စွန့်ခွာထွက်ပြေးတာတွေ ရှိရင် တာဝန်ရှိသူ…

မှတ်ပုံတင်မပါရင် အဝေးပြေးယာဉ်လိုင်းတွေမှာ စီးနင်းခွင့်မပြုဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ ဧပြီ (၁) အဝေးပြေးယာဉ်လိုင်းတွေမှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်တွေကို စီးနင်းခွင့်မပြုဖို့ အာဏာသိမ်း စစ်ကောင်စီက မတ်လ နောက်ဆုံးအပတ်မှာ ညွှန်ကြားခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လဝကဝန်ကြီးဌာနက ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။ အခုအခါမှာတော့ အဝေးပြေးယာဉ်းတွေမှာ…