ဘန်ကောက်၊ ဇန်နဝါရီ ၃၁
ထိုင်းအာဏာရပါတီ ဖလန် ဖရာချာရတ် ပါတီ (PPRP) မှ ထုတ်ပယ်ခံရသည့် ပါလီမန်အမတ် ၁၈ ဦးသည် ဆေဒကစ်ထိုင်းပါတီ (ထိုင်းစီးပွားရေးပါတီ) သို့ ဝင်ရောက်ရန်အတွက် တရားဝင်လျှောက်ထားခဲ့သည်ဟု သိရသည်။
ထိုင်းပါလီမန်အတွင်းရှိ သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆေဒကစ် ထိုင်းပါတီသည် အဆိုပါ ပါလီမန်အမတ် ၁၈ ဦးအား ၎င်းတို့ပါတီ၏ အဖွဲ့ဝင်များအဖြစ် ပေးအပ်ရန်ဟူသော စာတစ်စောင်ကို ပါလီမန်အတွင်းရေးမှူးရုံးသို့ ပေးပို့ခဲ့သည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် PPRP မှ ယင်းတို့ကို ရှင်းထုတ်အပြီးတွင် ကနဦး သတင်းအစီရင်ခံမှုများအရ ပါတီအသစ်သို့ ရွှေ့ပြောင်းရန် ပါလီမန်အမတ် ၂၁ ရှိပြီး နောက်ပိုင်းတွင် ထိုအရေအတွက်မှာ လျော့နည်းသွား ခဲ့သည်။
PPRP သည် ပါလီမန်အမတ် ၂၁ ဦးကို ဖယ်ရှားခဲ့သည်။ ထိုအထဲတွင် ပါတီကို အမြစ်မြေလှန်ပြောင်းလဲကာ ပြန်လည်ဖွဲ့စည်းရန်တောင်းဆိုခဲ့ပြီး လိုက်လျောခြင်းမရှိပါက ဒုက္ခတွေ့နိုင်မည်ဟု ပြောဆိုခဲ့သော PPRP ၏ အထွေထွေအတွင်းရေးမှူး ခေါင်းဆောင် ထာမန်နတ် ပရုမ်ပို လည်းပါဝင်သည် PPRP ဒုတိယခေါင်းဆောင် ပိုင်ဘွန်နိတ်တီတဝန်က ပြောကြားခဲ့သည်။

ဆေဒကစ်ထိုင်းပါတီသို့ ဝင်ရောက်ခြင်းမရှိသော ပါလီမန်အမတ် ၃ ဦးမှာ ခေါကယ်န်ခရိုင်ဒေသန္တရ ပါလီမန် အမတ် ဝထနာချန်းလောင်၊ နခွန်ရတ်ချဆီမာ ခရိုင်ဒေသန္တရ ပါလီမန်အမတ် စွမ်စက် ပန်ကတ်နှင့် စာရင်း တင်သွင်း ခန်အပ်ထားသည့် ပါလီမန်အမတ် အေကရာချန်လောင်တို့ ဖြစ်ကြသည်။
သူတို့သည် ခေါင်းဆောင်ထာမနတ်၏ ပါတီကို ပြန်လည်ဖွဲ့စည်းရန် တွန်အားပေးချက်ကို မသိရှိကြောင်း ငြင်းဆိုထားပြီး ထုတ်ပယ်အမိန့်ကို ပြန်လည်သုံးသပ်နိုင်ရန်အတွက်လည်း PPRP အုပ်ချုပ်ရေးသို့ အသနား ခံစားတင်သွင်းထားပြီဖြစ်သည်။
သတင်းအရင်းအမြစ်တစ်ခု၏ ပြောကြားချက်တွင် အမတ် ၃ ဦး၏ အသနားခံစာများကို ပယ်ချခံခဲ့ရပြီး အဆို ပါ အမတ် ၃ ဦးသည် ဖွမ်ကျိုင်းထိုင်းပါတီသို့ ရွှေ့ပြောင်းကောင်း ရွှေ့ပြောင်းနိုင်သည်ဟု ပါရှိသည်။
လွန်ခဲ့သော သတင်းပတ်တွင် အဖယ်ရှားခံပါလီမန်အမတ်များအနက် တစ််ဦးဖြစ်သည့် ဘွန်ဆုန်ဝါရွန်ရက် သည် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပရန်အတွက် အကြမ်းဖျဥ်းသတ်မှတ်ပြီးသော လွှတ်တော် အတွင်း အထွေထွေဒီဘတ်တွင် အတိုက်အခံအုပ်စုဘက်မှ ဆက်လက်ပါဝင်နိုင်ရန် ပါလီမန်အမတ်များသည် ဆေဒကစ်ထိုင်းပါတီ၏ အဖွဲ့ဝင်ဖြစ်မှုကို ထုတ်ဖော်ကြေငြာမည်ဟု ပြောကြားခဲ့သည်။
အဆိုပါလွှတ်တော်တွင်း ဒီဘိတ်အစီအစဥ်တွင် နေထိုင်ရေးကုန်ကျစရိတ်များမြင့်တက်မှု၊ ကိုဗစ် ၁၉ နှင့် အာဖရိကဝက်ရောဂါကူးစက်ပျံ့နှံ့မှုများ၊ နိုင်ငံရေးပြောင်းလဲမှု၏ အကျအရှုံးများနှင့် အဓိက မူဝါဒများ ပတ်သက်ပြီး ညံ့ဖျင်းသော စီမံခန့်ခွဲမှု စသည့်ခေါင်းစဥ်များကို ခြုံငုံဆွေးနွေးကြမည်ဟု ထင်ရသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ခေါင်းဆောင်ထာမနတ်က အပြုသဘောဆောင်သော နိုင်ငံ့အကျိုးစီးပွားကို လိုလားခဲ့သောကြောင့် သူနှင့် အခြားသော သဘောထားတူသည့် ပါလီမန်အမတ်များသည် PPRP တွင် ဆက်လက်တည်ရှိတော့မည်မဟုတ်ကြောင်း ၎င်း၏Facebook စာမျက်နှာတွင် ပြောကြားခဲ့သည်။
သူတို့သည် PPRP နှင့်အတူ အစိုးရအဖွဲ့ရာထူးများကို ညှိနှိုင်းနိုင်ရန်အတွက် ပါတီအသစ်သို့ ရွှေ့ပြောင်းခြင်း ဖြစ်သည်ဟူသော အချက်ကို ခေါင်းဆောင် ထာမနတ်က ငြင်းဆိုထားခဲ့သည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: Bangkok Post