January 2022

ထားဝယ်မှာ စစ်ကောင်စီက Silent Strike နေ့ ဆွမ်းဆန်းစိမ်းလောင်လှူ ပွဲလုပ်ဖို့ ကတိုက်ကရိုက် ပြင်ဆင်

ထားဝယ်၊ ဇန်နဝါရီ ၃၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် Silent Strike မှာ စစ်ကောင်စီက ဆွမ်းဆန်းစိမ်းလောင်လှူ ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဟာ စစ်တပ် အာဏာသိမ်း တစ်နှစ်ပြည့်နေဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေက အဲဒီနေ့မှာ ပြည်သူတွေ လမ်းပေါ်မထွက်ဘဲ နေအိမ်မှာပဲနေပြီး…

နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ် (သို့)ကယောင်ချောက်ချား ဖြစ်လာသည့် စစ်ကောင်စီ

လက်နက်ကိုင် တော်လှန်ရေးကြောင့် ၂၀၂၁ ခုနှစ် တစ်နှစ်လုံး နိုင်ငံတဝန်း စစ်မျက်နှာစာများတွင် စစ်ရေးအရ အထိနာခဲ့ပြီး နယ်မြေစိုးမိုးမှု မလုပ်နိုင်ခဲ့သော စစ်တပ်သည် ယခု ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်း ကစပြီး စစ်ရေးဗျူဟာ ပြောင်းကာ စစ်ရှိန် မြှင့်လာခဲ့သည်။ စစ်ကောင်စီ အုပ်ချုပ်မှုအောက် ရောက်မနေသော စစ်ကိုင်းတိုင်း၊ လက်နက်ကိုင် တော်လှန်မှုတွင် စစ်တပ်ကို အထိ နာစေသော…

ထိုင်း PPRP ပါတီမှ ဖယ်ရှားခံရသည့် ပါလီမန်အမတ်များ ဆေဒကစ်ထိုင်းပါတီသို့ ဝင်ရောက်ရန် လျှောက်ထား

ဘန်ကောက်၊ ဇန်နဝါရီ ၃၁ ထိုင်းအာဏာရပါတီ ဖလန် ဖရာချာရတ် ပါတီ (PPRP) မှ ထုတ်ပယ်ခံရသည့် ပါလီမန်အမတ် ၁၈ ဦးသည် ဆေဒကစ်ထိုင်းပါတီ (ထိုင်းစီးပွားရေးပါတီ) သို့ ဝင်ရောက်ရန်အတွက် တရားဝင်လျှောက်ထားခဲ့သည်ဟု သိရသည်။ ထိုင်းပါလီမန်အတွင်းရှိ သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆေဒကစ် ထိုင်းပါတီသည် အဆိုပါ ပါလီမန်အမတ် ၁၈…

KNU တပ်မဟာ(၆) ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း ရာထူးက အနားယူ

မော်လမြိုင် ၊ ဇန်နဝါရီ (၃၀) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ဒူးပလာယာခရိုင် ဥက္ကဌဖြစ်သူ ပဒိုစောရွှေမောင်းဟာ ရာထူးတာဝန်ကနေ နှုတ်ထွက်ပြီး အနားယူသွားတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။ ခရိုင်ဥက္ကဋ္ဌ ဖြစ်တဲ့ ပဒိုစောရွှေမောင်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကေအဲန်ယူ-ဒူးပလာယာခရိုင်ရဲ့ အရေးပေါ်အစည်းအဝေးမှာ ရာထူးတာဝန်ကနေ နှုတ်ထွက်ပြီး အနားယူသွားတာ ဖြစ်ပါတယ်။ ကေအဲန်ယူ ဖွဲ့စည်းပုံအရ…

အသံတိတ်သပိတ်မှာ မပါဝင်ဖို့ ကွမ်းယာဆိုင်ကအစ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၃၀) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက အသံတိတ်သပိတ် Silent Strike မှာ မပါဝင်ဖို့ ကွမ်းယာဆိုင်ကအစ ဆိုင်ခန်းတွေကို အတင်းဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဖိအားပေး ခြိမ်းခြောက်နေပါတယ်။ အဲဒီလို လက်မှတ်ထိုးခိုင်းရာမှာတော့ တချို့ရပ်ကွက်တွေမှာ ရာအိမ်မှူးတွေက လိုက်လံ ဆောင်ရွက်နေပြီး၊ တချို့ရပ်ကွက်တွေမှာတော့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အတင်းဓမ္မ လက်မှတ်…

မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အခြေအနေများ ပိုမို ဆိုးရွားလာသည်ဟု ကုလတံခါးပိတ်အစည်းအဝေး တွင် တရုတ်ပြောဆို

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၂၉ ကမ္ဘာကြီးအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပိုမိုဆိုးရွားလာသော အကြမ်းဖက်မှုနှင့် ပြည်တွင်းစစ်ကို တားဆီးနိုင်ဖို့ရန်အတွက် အလုပ်လုပ်သင့်သည်ဟု တရုတ်နိုင်ငံသံအမတ်က ကုလသမဂ္ဂသို့ သောကြာနေ့ တွင် ပြောကြားခဲ့သည်။ အချိန် ၂ နာရီကြာမြင့်သည့် လုံခြုံ‌ရေးကောင်စီအစည်းအဝေးအပြီးတွင် ဇန်းကျွင်း မှ သတင်းထောက် များသို့ ‌ပြောကြားရာ၌ “အဲ့ဒါကသာ ကျွန်ုပ်တို့စိတ်ထဲ ထည့်ထားရမယ့် မူလဦးတည်ချက်ဖြစ်ပါတယ်” ဟု ပါရှိသည်။…

မြန်မာနိုင်ငံရှိ အကြီးမားဆုံးဂက်စ်လောင်စာလုပ်ကွက်ကို ထိုင်းနိုင်ငံ၏ PTTEP မှ လက်လွှဲယူရန်ပြင်ဆင်

ဘန်ကောက်၊ ဇန်နဝါရီ ၂၉ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်အတူ နောက်ကြောင်းပြန်ဆွဲသွားသော အခြေအနေအတွင်း Total Energies နှင့် Chevron ကော်ပိုရေးရှင်း တို့ ထွက်ခွာသွားပြီးနောက် မြန်မာ့အကြီးဆုံး ဂက်စ်လောင်စာ လုပ်ကွက်ကို ထိုင်းနိုင်ငံပိုင် လောင်စာဆီနှင့် ဓါတ်ငွေ့ ထုတ်ဖော်‌‌ရေးလုပ်ငန်းစုမှ လက်လွှဲရယူရန် ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်တွေက ဆိုသည်။ ရတနာ ဂက်စ်လုပ်ကွက်တွင် အစုရှယ်ယာ ၂၅.၅ ပိုင်ဆိုင်ထားပြီးသော…

ထုတ်ကုန်စရိတ် ကြီးမြင့်လို့ သီးနှံစိုက်ပျိုးထုတ်လုပ်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၉) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာတဲ့အတွက်ကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစိုက်ပျိုးသူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ စိုက်ပျိုးထုတ်လုပ်နေသူတွေက ပြောပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစိုက်ပျိုးသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နည်းလို့ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ…