မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉)

မော်လမြိုင်မှာ အများပြည်သူတွေရဲ့ လှုပ်ရှား သွားလာမှုတွေကို စစ်ကောင်စီက CCTV ကင်မရာတွေနဲ့ စတင် စောင့်ကြည့်နေပြီး ဖြစ်ပါတယ်။

 Safe City လို့ ခေါ်တဲ့ CCTV ကင်မရာ တပ်ဆင်တဲ့ စီမံကိန်းရဲ့ အပိုင်း (၁) ပြီးစီးသွားပြီး ဖြစ်လို့ မော်လမြိုင်မြို့ရဲ့ အဓိက နေရာတွေ၊ လမ်းဆုံးလမ်းခွတွေနဲ့ ဌာနဆိုင်ရာရုံးအနီး လှုပ်ရှားသွားလာမှုတွေကို စတင် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

 ဒါ့အပြင် စီမံကိန်းရဲ့ အပိုင်း(၂)အတွက် အနေနဲ့ လိုအပ်တဲ့ နေရာတွေမှာ CCTV ကင်မရာတွေ ထပ်မံ တပ်ဆင်နိုင်ဖို့ ကေဘယ်ကြိုးဆွဲတဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“သူက ပထမပိုင်း တက်တာတွေ ပြီးသွားပြီး၊ တချို့ အပိုင်းတွေ စပြီးတော့ စောင့်ကြည့် နေပြီးဗျ၊ ဒုတိယပိုင်းပါ ဆက်လုပ် နေတယ်၊ ဒုတိယပိုင်းက လိုတဲ့နေရာ လေတွေမှာ ကင်မရာ ထပ်ဖြည့်တာတို့ ဘာတို့ အဲ့တာတွေကို ဆက်လုပ်နေတယ်၊ ကင်မရာ ထပ်ဖြည့်တာတို့ လိုတဲ့နေရာ အပိုင်းကို ကြိုး ထပ်ဆွဲတာတို့ ဆက်လုပ်နေတယ်၊ သူ့အပိုင်းလိုက် အပိုင်းလိုက် ခွဲထားတာပေါ့”လို့ ပြောပါတယ်။

CCTV ကင်မရာ တပ်ဆင်နေတဲ့ အပိုင်း (၂) ကိုတော့ အခုဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပြီး နောက်ဆုံး အပိုင်း (၃) ကိုတော့ လာမယ့်ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံ ဆောင်ရွက်သွားဖို့ စစ်ကောင်စီက စီစဉ်ထားတာ ဖြစ်ပါတယ်။

 CCTV ကင်မရာတပ်ဆင်နေတဲ့ စီမံကိန်း အပိုင်း ၃ ပြီးစီးသွားရင်တော့ မော်လမြိုင်မြို့တစ်ခုလုံးရဲ့ အများပြည်သူ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အများပြည်သူ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်ဖို့အတွက် CCTV ကင်မရာ ထိန်းချုပ် စင်တာကို မွန်ပြည်နယ် အစိုးရရုံးထဲ တည်ဆောက်ထားတာ ဖြစ်ပြီး၊ မီးပြတ်ရင်လည်း ၂၄ နာရီ စောင့်ကြည့်နိုင်တယ်လို့ စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူက အခုလို ပြောပါတယ်။

“သူက ဒီထိန်းချုပ်ခန်း ကျတော့ ကျွန်တော်တို့က မီးပျက်လည်း ပြသနာ မရှိဘူး သူက Generatorရော Online UPSတွေရော ထိုင်ထားတော့ (၂၄)နာရီ ပြသနာ မရှိဘူး၊ အဲ့ဒီပ္ပိုင့်တွေမှာ ထိုင်ထားတဲ့ ကင်မရာတွေ အတွက်ပဲ အဲ့ကောင်ကြတော့ (၁)နာရီစာလောက်ပဲ ထိန်းလို့ရတယ်၊ ပျက်တဲ့နေရာ အတွက်ပေါ့ ကျန်တဲ့ လာနေတဲ့ အပိုင်းကတော့ ရတာပေါ့၊ မီးပျက်သွားတဲ့ နေရာတွေ အတွက်ကတော့ (၁)နာရီစာ လောက်ပဲ သူက လက်ရှိ အခြေအနေက ထိန်းလို့ ရသေးတယ်”လို့ ပြောပါတယ်။

 မော်လမြိုင်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေဟာ လူကိုမှတ်သားထားနိုင်တဲ့ ကင်မရာတွေ ကားနံပါတ် ဖတ်လို့ရတဲ့ ကင်မရာတွေ အပြင် (၃၆၀)လှည့်ပတ် ကြည့်နိုင်တဲ့ ကင်မရာတွေ ပါဝင်ပါတယ်။

 မော်လမြိုင်မြို့က CCTV တပ်ဆင်နေတဲ့ စီမံကိန်းကိုတော့ စစ်တပ်နဲ့ နီးစပ်တဲ့ နောင်ရိုးကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး လုပ်ငန်း အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.