ကမ္ဘာတစ်ဝှမ်း သတင်းလွတ်လပ်ခွင့် တိုက်ခိုက်ခံနေရတယ်လို့ ကုလသတိပေး

0
4921

ဝါရှင်တန် – မေ(၄) 

နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) က ကမ္ဘာပေါ်ရှိ နိုင်ငံ(၁၀) နိုင်ငံမှာ (၃) နိုင်ငံ အတွင်းသာ သတင်းသမားတွေအတွက် ကျေနပ်အားရဖွယ်ရှိတယ်လို့ ဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်မှုခံနေရတယ်လို့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဂျာနယ်လစ် (၅၅) ဦးနဲ့ မီဒီယာလုပ်သားလေးဦး တာဝန်ထမ်းဆောင်နေ စဉ်သေဆုံးထားတယ်လို့ RSF က ထုတ်ပြန်ထားတာပါ။ 

“ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်အားလုံးဟာ သတင်းလွတ်လပ်ခွင့်ပေါ်မှာ မူတည်ပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောခဲ့ပြီး ဒီအခြေအနေ ဟာ ဒီမိုကရေစီနဲ့ တရားမျှတမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ကာ လူ့အခွင့်အရေးရဲ့ အသက်သွေး ကြောလို့ ဆိုခဲ့ပြီး ဒါပေမယ့် ကမ္ဘာရဲ့ နေရာတိုင်းမှာ သတင်းလွတ်လပ်ခွင့်က အတိုက်ခိုက်ခံနေ ရတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

ယူနက်စကိုက ဒီပြဿနာကို မီးမောင်းထိုးပြဖို့အတွက် ထောင်ဒဏ်ကျခံထားရဖူးတဲ့ အီရန် အမျိုးသမီး(၃)ဦးဖြစ်တဲ့ သတင်းထောက်နှစ်ဦးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကို ၂၀၂၃ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ 

RSF ရဲ့ 2023 World Press Freedom Index အတွက် နိုင်ငံပေါင်း (၁၈၀)မှာ သတင်းပညာရပ် ပတ်ဝန်းကျင်ကို အကဲဖြတ်တဲ့ တွေ့ရှိချက်တွေအရ နိုင်ငံပေါင်း(၃၁) နိုင်ငံအခြေအနေဟာ အလွန် ပြင်းထန်ပြီး(၄၂) နိုင်ငံမှာ “ခက်ခဲ”၊(၅၅) နိုင်ငံမှာ “ပြဿနာရှိ”နဲ့ (၅၂) နိုင်ငံမှာ “ကောင်း” သို့မဟုတ် “ကျေနပ်ဖွယ်” အခြေအနေရှိတယ်လို့ ဆိုထားပါတယ်။ 

စစ်တမ်းရဲ့ အောက်ဆုံးနေရာကို အာရှနိုင်ငံတွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဗီယက်နမ်က နံပတ် (၁၇၈) နေရာရှိနေကာ အမှီအခိုကင်းတဲ့ သတင်းထောက်တွေနဲ့ မှတ်ချက်ပေးသူတွေကို လိုက်လံ ရှာဖွေ အမဲလိုက်နေတဲ့ အခြေအနေဖြစ်ပြီး ကမ္ဘာပေါ်မှာ သတင်းထောက်တွေရဲ့ အကြီးမားဆုံး ထောင်မှူးနဲ့ ဝါဒဖြန့်ချီရေး အကြောင်းအရာတွေကို အကြီးမားဆုံး တင်ပို့ရောင်းချသူတွေထဲမှာ တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံက(၁၇၉) နေရာမှာရှိကာ မြောက်ကိုရီးယားက (၁၈၀) ရှိတယ်လို့ သိရပါ တယ်။ 

အကဲဖြတ်ထားတဲ့ နိုင်ငံတွေရဲ့ သုံးပုံနှစ်ပုံမှ ဖြေဆိုသူအများစုဟာ သူတို့ နိုင်ငံတွေရဲ့ နိုင်ငံရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ မဟုတ်မမှတ်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်လှုံဆော်မှု တွေမှာ ပါဝင်လေ့ရှိတယ်လို့ ဆိုထားကြပါတယ်။ 

သတင်းရယူပိုင်ခွင့်ကို ပိုမိုခက်ခဲလာစေတဲ့ သတင်းမှန်နဲ့ အမှား ဒါမှမဟုတ် အစစ်အမှန်နဲ့ သတင်းတုကြား ကခြားနားချက်ကို ပြောဖို့ခက်ခဲတယ်လို့ RSF ကပြောပါသေးတယ်။ 

“သိပ္ပံနှင့် ပူးပေါင်းကြံစည်မှုကြားတွင် အမှန်တရားနှင့် စိတ်ကူးယဉ်မျဥ်းများကြားတွင် မဟုတ် မမှန်သော သတင်းနှင့် အမုန်းစကားများကြောင့် အမှန်တရားဟာ ခြိမ်းခြောက်ခံနေရတယ်” လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။ 

New York Times ထုတ်ဝေသူက သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာ ဟာ တိုက်ရိုက်ဖိနှိပ်မှုတစ်ခုမဟုတ်ဘူးလို့ ဆိုထားပါတယ်။ 

“အင်တာနက်ဟာ သတင်းမှားများ၊ ဝါဒဖြန့်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ယခုအခါ ကျွန်ုပ်တို့၏ သတင်းအချက်အလက် ဂေဟစနစ်အား လွှမ်းမိုးသွားပီ၊ လွတ်လပ်တဲ့ စာနယ်ဇင်းများ ပျက်ပြားလာတဲ့အခါ ဒီမိုကရေစီ ဆုတ်ယုတ်မှုဟာ အမြဲတမ်းလိုလို နောက်ကလိုက်လာခဲ့တယ်” လို့ သူက ပြောခဲ့ပါတယ်။

Ref:rfi news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.