နေတိုး ဆက်ဆံရေးရုံးကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်မယ်

0
4776

တိုကျို – မေ(၄) 

နေတိုးအဖွဲ့က အာရှဒေသတွင်း တိုင်ပင်ဆွေးနွေးမှုတွေကို ပံ့ပိုးဆောင်ရွက်နိုင်ဖို့အတွက် ပထမဆုံး ဆက်ဆံရေးရုံးကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ဂျပန်နဲ့ နေတိုး အာဏာပိုင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး Nikkei Asia မှာဖော်ပြထားပါတယ်။ 

အဲဒီဆက်ဆံရုံးဟာ နေတိုးတပ်ဖွဲ့ရဲ့ လုံခြုံရေးမိတ်ဖက်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန် စတဲ့ နေတိုးတပ်ဖွဲ့ရဲ့ လုံခြုံရေးမိတ်ဖက်တွေနဲ့အတူ တရုတ်နဲ့ ရုရှား တို့ရဲ့ ဘူမိနိုင်ငံရေး စိန်ခေါ်မှုတွေကို ဆွေးနွေးမယ့် တွေ့ဆုံပွဲတွေကို စီစဉ်ဆောင်ရွက်မှာ ဖြစ်တယ် လို့သိရပါတယ်။ 

နေတိုးနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်တစုံ တရာ ပေးဖို့တောင်းဆိုခဲ့ပေမယ့် ဂျပန်နိုင်ငံရဲ့ ရုံးပိတ်ရက် ဗုဒ္ဓဟူးနေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် ဖြေကြားတာတော့ မရှိခဲ့ပါဘူး။ 

အရင်က တစ်ဦးတည်းထိုင်မယ့်ရုံးကို တိုကျိုမြို့မှာ နောက်လအတွင်း အဆိုပြုထားတဲ့အတိုင်း ဖွင့်လှစ်ဖို့ ရှိပေမယ့် ဂျပန်က နေရာပေးမှာနဲ့ နေတိုးအဖွဲ့က ရန်ပုံငွေပေးမှာလားဆိုတဲ့ အချက် တွေကိုတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

နေတိုးဟာ နယူးယောက်၊ဗီယင်နာ၊ယူကရိန်းနဲ့ တခြားနေရာတွေမှာလည်း အလားတူ ဆက်ဆံ ရေးရုံးတွေကို ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဂျပန်ကို နေတိုးတပ်ဖွဲ့အကြီးအကဲ သွားရောက်ချိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ တရုတ်ရဲ့ မြင့်တက်လာတဲ့ စစ်ရေးပါဝါစတဲ့ သမိုင်းဝင်လုံခြုံရေး ကဏ္ဍစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သဘောတူညီထားကြပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.