စစ်ကောင်စီတပ်နဲ့ ခွဲထွက်ဒီကေဘီအေ တိုက်ပွဲဖြစ်နေ

0
2904

မော်လမြိုင်၊ အောက်တိုဘာ ၁၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမဘက်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ခွဲထွက်ဒီကေဘီအေတပ်တို့ တိုက်ပွဲဖြစ်ပွား‌နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆယ်ချက်မကဘူး အလုံးကြီး။ ခုပဲကြားတယ်။ တစ်ချက်တစ်ချက်ကြားတယ်။ ကော့နွဲရွာဘက်ထင်တယ်။ အခုထိပစ်နေတုန်းပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ခွဲထွက်ဒီကေဘီအေတပ် တိုက်ပွဲဖြစ်ပွားနေမှု အသေးစိတ်ကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အာရှလမ်းမ ဒေါနတောင်ခြေဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တို့ကြား ထိတွေ့မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားခဲ့ပါသေးတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ အာရှလမ်းမ ကော့နွဲရွာထိပ်မှာ ပြီးခဲ့တဲ့ရက်က တိုင်းမှူးခရီးစဉ်ရဲ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က လေးဦး သေဆုံးသွားခဲ့သေးတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.