မီးရှူးမီးပန်းနဲ့ ဗြောက်အိုး ပစ်ဖောက်တာတွေ မလုပ်ဖို့ စစ်ကောင်စီ တားမြစ်

0
2527

မော်လမြိုင်၊ အောက်တိုဘာ ၉

သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတွေမှာ မီးရှူးမီးပန်း၊ ဗြောက်အိုးနဲ့ ရှူးဒိုင်းတွေ ပစ်ဖောက်တာတွေ မလုပ်ကြဖို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် အရေးပေါ်ကာလမှာ နေ့စဉ်ဖောက်ခွဲတာနဲ့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ဒီအခြေအနေမှာ အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေ ကျူးလွန်လာနိုင်တဲ့အတွက်ကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

ဒါကြောင့် ဒီကာလမှာ မီးရှူးမီးပန်း၊ ဗြောက်အိုးနဲ့ ရှူးဒိုင်းတွေ ထုတ်လုပ်တာ၊ သယ်ဆောင်ဖြန့်ဖြူးတာ၊ သိုလှောင်တာ၊ ရောင်းချတာတွေနဲ့ ပစ်ဖောက်တာတွေ မလုပ်ကြဖို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်တာပါ။

မီးရှူးမီးပန်း၊ ဗြောက်အိုးနဲ့ ရှူးဒိုင်းတွေ ထုတ်လုပ်ရောင်းချ သယ်ဆောင်တာနဲ့ ပစ်ဖောက်တာတွေ ပြုလုပ်မယ်ဆိုရင် တည်ဆဲဥပဒေတွေ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.