BGF တပ်စခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူရှိခဲ့လို့ ဒေသခံရွာတွေကို လျော်ကြေး သိန်းသုံးရာ တောင်း

0
2996

မော်လမြိုင်၊ အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်(BGF)တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့မှာ အနီးပတ်ဝန်းကျင်က ရွာနှစ်ရွာကို ဒဏ်ငွေကျပ်သိန်း ၃၀၀ တောင်းခံခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

နောင်မြလွဲကျေးရွာနဲ့ ကော့အိမ်ဆိုင်ကျေးရွာအကြားက နယ်ခြားစောင့်တပ်(BGF)စခန်းထဲကို အောက်တိုဘာ ၇ ရက် ညပိုင်းက အမည်မသိလက်နက်ကိိုင်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့လို့ (BGF)ဘက်မှ လေးဦး သေဆုံးခဲ့ပါတယ်။

အဲနောက် နောင်မြလွဲကျေးရွာနဲ့ ကော့အိမ်ဆိုင်ကျေးရွာပြည်သူတွေကို BGF တပ်ဖွဲ့တွေက အစည်းအဝေးခေါ်ယူတွေ့ဆုံပြီး ငွေကျပ် သိန်း ၃၀၀ ပေးဆောင်ဖို့ တောင်းခံခဲ့တယ်လို့ မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

” ရွာခံပြောတာက BGF တပ်ဖွဲ့ဝင်သေသွားတာနဲ့ပတ်သက်ပြီး အဲဒီရွာနှစ်ရွာက လူတွေကို အစည်းအဝေးခေါ်တယ်၊ ဒီရွာက လူထုကို သူတို့တပ်ဖွဲ့တွေက ကာကွယ်ပေးနေတဲ့အဖွဲ့လို့ ပြောတယ်၊ အခုသူတို့လူတစ်​ယောက်ဆုံးရှုံးလိုက်ရတယ်၊ အဲဒါကြောင့် ဒီရွာနှစ်ရွာပေါင်းပြီး ပိုက်ဆံ သိန်း ၃၀၀ ပေးရမယ်လို့ပြောတယ် ” လို့ ဆိုပါတယ်။

အဆိုပါကျေးရွာနှစ်ရွာနေပြည်သူတွေထံ တောင်းခံထားသည့်ငွေကြေးများ ပေးဆောင်ရမယ့် ရက်အတိအကျကို ​
တော့ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့တွေက ​ပြောဆိုခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.