Air Asia မှ ကာကွယ်ဆေးထိုးနှံထားသော ခရီးသွားများကိုသာ လေယာဥ်စီးနှင်းခွင့်ပြုမည်

0
2907

ကွာလာလမ်ပူ၊ အောက်တိုဘာ ၉

မလေးရှားနိုင်ငံ၏ Air Asia လုပ်ငန်းစုအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးဝန်ဆောင်မှုများ ကို ပုံမှန်အတိုင်းပြန်လည်ပတ်နိုင်ရန် ပြင်ဆင်နေပြီး ကာကွယ်ဆေးအကြိမ်အရေအတွက် အပြည့်အဝ ထိုးနှံးထားသည့် အရွယ်ရောက်ပြီး ခရီးသည်များကို စီးနှင်းခွင့်ပြုမည်ဟု အောက်တိုဘာလ ၆ ရက်နေ့က ပြောဆိုလိုက်ပါသည်။

“Air Asia မလေးရှား အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးသား ခရီးသည်များကိုသာ စီးနှင်းခွင့်ပြုမည်ဖြစ်သည်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ကြေငြာထားပြီး ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသော ၁၈ နှစ်အောက်ခရီးသည်များကမူ ယင်းတို့၏ သက်ဆိုင်ရာမိသားစုဝင်များနှင့်အတူ စီးနှင်းလိုက်ပါရန် လိုအပ်သည်ဟု ထုတ်ပြန်ထားပါသည်။

ကိုဗစ် ၁၉ ကြောင့် ထိခိုက်ခဲ့ရသော ဘတ်ဂျက်လေကြောင်းလိုက်များ၏ ပြန်လည်ကုစားရေးသည် အတင်းကြပ်ဆုံး အခြေအနေများဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရသည်။

ဩစတြေးလျကန်တာလေကြောင်းလိုင်းသည် လေကြောင်းခရီးဖြင့် နိုင်ငံတကာသို့ ခရီးထွက်ကြမည့် ခရီးသည်များသည် ကာကွယ်ဆေးအကြိမ်အရေအတွက် အပြည့်အဝထိုးနှံထားရန်လိုအပ်ပြီး ယခုသီတင်းပတ် အစောပိုင်းတွင်လည်း အဲနယူးဇီလန်လေကြောင်းလိုင်းသည်လည်း နိုင်ငံတကာခရီးသွားများအတွက် တူညီသော လိုအပ်ချက်များကို ထုတ်ပြန်ခဲ့သည်။

Air Asia သည် ဩဂုတ်လကတည်းက ၎င်း၏ ဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံခြင်းများ အပြည့်အဝဆောင် ရွက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်
Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.