လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ကာကွယ်သူနှစ်ဦး နိုဗယ်ငြိမ်းချမ်းရေးဆုရ

0
9089

နော်ဝေ၊ အောက်တိုဘာ ၈

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ကာကွယ်သူနှစ်ဦးဖြစ်သည့် ဖိလစ်ပိုင်မှ မစ္စမာရီယာ ရက်ဆာနှင့် ရုရှားမှ မစ္စတာမူရာတော့ပ်တို့တို့ ယခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ကြောင်း နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က ကြေငြာလိုက်ပါတယ်။

ယင်းတို့နှစ်ဦးသည် ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခြင်းအတွက် ကြုံတွေ့နေရတော့ ဆိုးရွားမှုတွေကို ကာကွယ်ပေးဖို့ ရပ်တည်သည့် တကမ္ဘာလုံးက သတင်းသမားများအားလုံးအတွက် ကိုယ်စားပြုကြောင်းလည်း ဖော်ပြခဲ့သည်။

မစ္စမာရီယာရက်ဆာသည် ဖိလစ်ပိုင်နိုင်ငံ အာဏာပိုင်များ၏ အာဏာရှင်ဆန်စွာလုပ်ဆောင်မှု၊ အကြမ်းဖက်မှုနှင့် အာဏာအလွဲသုံးစားမှုတို့ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုပြီး ရေးသားဖော်ထုတ်ခဲ့သူလည်းဖြစ်သည်။ သူသည် ဖိလစ်ပိုင်နိုင်ငံ၏ စုံစမ်းထောက်လှမ်းရေးသားသည့် ဒစ်ဂျစ်တယ်မီဒီယာကုမ္ပဏီဖြစ်သော ရက်ပလာ (Rappler) ကို ၂၀၁၂ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သူ လည်းဖြစ်သည်။ ရက်ပလာသတင်းစာနှင့် မစ္စရက်ဆလာတို့သည် လူမှုကွန်ရက်တွင် သတင်းတု/သတင်းမှားပျံ့နှံ့ခြင်း၊ အတိုက်အခံပြုသူများကို မတရားဖော်ပြခြင်းနှင့် အများပြည်သူကို လှည့်ဖြားဖော်ပြခြင်းတို့အတွက် တားဆီးရန် မှတ်တမ်းပြုစုရေးသားခဲ့သည်။

မစ္စမာရီယာရက်ဆာနှင့် ပူးတွဲ ဆုရရှိသူ မူရာတော့ပ် (ဒီမက်ထရီ အန်ဒရာရီဗစ် မူရာတော့ပ်)သည် ရုရှားနိုင်ငံ၏ နည်းပေါင်းစုံဖိနှိပ်မှုအောက်တွင် ဆယ်စုနှစ်တစ်ခုစာ လွတ်လပ်စွာပြောဆိုရေးသားခွင့် အတွက် ရပ်တည်လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။ ၁၉၉၃ ခုနှစ်မှ စတင်ပြီး လွတ်လပ်သော သတင်းစာဖြစ်သည့် နိုဗာဂျဂါဇက်တီသတင်းစာကို တည်ထောင်ခဲ့ပြီး ယင်းသတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ၂၄ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ နိုဗာဂျဂါဇက်တီသတင်းစာသည် သတ်ဖြတ်မှု၊ အကြမ်းဖက်မှုနှင့် လိင်စော်ကားမှုတို့အတွက် ဖော်ထုတ်တုန့်ပြန်ရေးသားခဲ့သည်။ ချေခြင်းညာ စစ်ပွဲနှင့်ဖြစ်ရပ်သတင်းဆောင်းပါးများကြောင့် သတင်းသမား (၆)ဦးခန့်အသတ်ခံခဲ့ရသလို သတင်းစာ၏လွတ်လပ်ခွင့်ကို မဖောက်ဖျက်ပဲ ကြံကြံ့ခံရပ်တည်ခဲ့သည်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်မရှိဘဲ နိုင်ငံတွေအကြားမှာ ပဋိပက္ခချုပ်ငြိမ်းဖို့၊ လက်နက်ဖျက်သိမ်းပြီး ပိုမိုကောင်းမွန်သော ကမ္ဘာလမ်းစဉ်လျှောက်လှမ်းဖို့ ခက်ခဲမည်ဟု နိုဗယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီက မှတ်ချက်ပြုထားပါတယ်။

ဓါတ်ပုံ – Noble Prize Page

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.