March 26, 2021

ညမထွက်ရအမိန့်ကြောင့် ရာဘာအစေးခြစ်လုပ်သားတွေ အခက်တွေ့

မော်လမြိုင် ၊ မတ် (၂၆) မွန်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ညပိုင်းအစေးခြစ်ရတဲ့ ရာဘာလုပ်သားတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် တစ်သိန်းကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်တဝှမ်းက မြို့နယ်တွေမှာ ည (၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရအမိန့်တွေ…