မော်လမြိုင် ၊ ဖေဖော်ဝါရီ (၅)


အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ကြောင်း မော်လမြိုင်တက္ကသိုလ် မေဂျာပေါင်းစုံမှ ဆရာ ဆရာမတွေက ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာတော့ “ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဒို့အရေး ဒို့အရေး ” ၊ “စစ်အာဏာရှင် အလိုမရှိ အလိုမရှိ” ၊ “ရွေးကောက်ပွဲရလဒ် အတည်ပြုပေးရေး ဒို့အရေး ဒို့အရေး” ၊ “နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး ဒို့အရေး” အစရှိတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။


Civil Disobidience  Movement လို့ခေါ်တဲ့ အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းက ဆရာဆရာမတွေ ၊ ဆရာဝန်တွေ နဲ့ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ရှားနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.