မော်လမြိုင်၊ ဩဂုတ်၊ ၁၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင် လမ်းမကြီးဘေးအနီးတွင် ကျပ်သိန်းပေါင်း ခြောက်သောင်းခွဲတန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဩဂုတ်လ ၁၀ ရက် ည၈နာရီခွဲခန့်က ရန်ကုန်ဘက်မှ မောင်းနှင်လာပြီးနောက် မရမ်းချောင်စစ်ဆေးရေးဂိတ်ရှောင်လမ်းမကြီးဘေးရာဘာခြံအနီးတွင် ခေတ္တရပ်နားထားသော ယာဉ်အား သတင်းအရ စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော အနီရောင်ပိုက်အိတ်များအတွင်း ကြက်သွန်ဖြူများဖြင့် ရောနှောထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၀၀၀၀)ပြားပါ ကဒ်(၁၂၉)ကဒ်၊စုစုပေါင်း(၁၂၉၀၀၀၀)ပြား ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၆၄၅၀၀) အားဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးများကို လက်ဝယ်တွေ့ရှိသူ နှစ်ဦးအပါအဝင် ထွက်ပြေးသွားသူ နှစ်ဦးကို သိမ်ဇရပ်နယ်မြေရဲစခန်းမှ မယ (ပ) ၁၁/ ၂၀၂၀ ၊မူး/စိတ်ပြောင်းပုဒ်မ ၁၉ က/ ၂၁ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.