မော်လမြိုင် ၊  ဇူလိုင် ၂၉

မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ထံ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP က  ကိုယ်စားလှယ်လောင်း (၆) ဦး အမည်စာရင်းကို ဇူလိုင်လ (၂၇) ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေထဲမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP က  ပထမဆုံး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

“ဘယ်မြို့နယ်ကလဲဆိုတော့မုဒုံမြို့နယ်ပြည်သူ့လွှတ်တော်တစ်နေရာ၊အမျိုးသားလွှတ်တော်(၁) နေရာ၊ပြည်နယ်လွှတ်တော်(၂)နေရာ၊မုဒုံမြို့နယ်-(၄)နေရာဖြစ်ပါတယ်၊ သံဖြူဇရပ်မြို့နယ်ပြည်နယ်လွှတ်တော် ၂နေရာ၊စုစုပေါင်း-၆နေ ရာဖြစ်ပါတယ်”လို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က ပြောပါတယ်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်-၃အတွက် ဒေါ်အေးအေးသန်း ၊မုဒုံမြိုနယ်ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် အမှတ်-၁အတွက် ဒေါ်မြင့်ဝေ၊ မုဒုံမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်-၂အတွက် ဦးလင်းအောင်၊ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဒေါ်ဝင်းရွှေ၊ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်-၁ အတွက် ဒေါ်စန်းစန်းရီ၊ သံဖြူဇရပ်မြို့နယ်ပြည်နယ်လွှတ်တော်အမှတ်-၂အတွက် ဒေါ်ခင်မိုးရီ တို့ကို အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတာကို ဩဂုတ်လ (၇) ရက်နေ့ အပြီးသတ် ဆောင်ရွက်ရမှာဖြစ်ပြီး ဩဂုတ်လ (၁၁)ရက်နေ့မှာတော့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စိစစ်သွားမှာ ဖြစ်ပါတယ်။

သတင်း- ရွှေမြိုင်ကိုပေါက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.