ချယ်ဆီးအသင်းဟာ နည်းပြ ကွန်တီ လက်အောက်တွင် ခြေစွမ်းပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ အော် စကာကို ရောင်းချဖို့ပြင်ဆင်နေပါတယ်။ အော်စကာကို ပြီးခဲ့တဲ့ (၄) နှစ်လောက်က ဘရာဇီးကလပ်ကနေ ခေါ်ယူခဲ့ပြီး အခုချိန်မှာ အင်တာ နှင့် တရုတ် ကလပ် အသင်းတို့က ၎င်းကိုခေါ်ယူဖို့ စောင့်ကြည့်နေကြပါ တယ်။

ပွဲထွက် ကစားသမားစာရင်းတွေမှာ ပါဝင်ခွင့်မရခဲ့တဲ့ လီဗာပူး တိုက်စစ် စတားရစ်ချ် ဟာ အသင်းမှ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။လီဗာပူး က ၎င်းကို ပေါင်(၁၂) သန်းနဲ့ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေးကိုတော့ ပေါင် (၂၈) သန်းသတ်မှတ်ထားပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ စတုတ်စီးတီးနဲ့ ဝက်ဟမ်းအသင်းတို့က ခေါ်ယူဖို့ရှိနေပါတယ်။

အမေရိက ကလပ် နယူးယောက်စီးတီးကိုရောက်နေတဲ့ အသက်(၃၈) နှစ်အရွယ် လမ်းပတ်တစ် ယောက် နှစ်ကုန်တာနဲ့ အသင်းကနေ ထွက်ခွာမယ်လို့အတည်ပြုပြောကြားလိုက်ပါတယ်။ သူ့ရဲ့အသင်းမှာ (၃၁) ပွဲကစားအပြီး (၁၅) ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
%e1%80%b1%e1%80%a1%e1%80%ac%e1%80%b9%e1%80%85%e1%80%80%e1%80%ac
ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် ကိုလံဘီယာနဲ့ ယှဉ်ပြိုင်ရန်အတွက် Buenos Aires မှ San Juan လေကြောင်းခရီးစဉ်မှာ မက်ဆီအပါအဝင် အာဂျင်တီးနား ကစားဖော်တွေ ကိုယ်လက်မအီမသာဖြစ်တာတွေ ၊ ပျို့အန်တာတွေ ဖြစ်ခဲ့ပါတယ်။ လေယာဉ်အဆင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး နေမကောင်းဖြစ်နေကြတဲ့အတွက် အနည်းငယ် စိုးရိမ်မိတယ်လို့ အာဂျင်တီးနား အသင်းမှ ပြောရေးဆိုခွင့်ရှိသူ ဂျော်ဂျီက ဒေသခံမီဒီယာတွေကို ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

TU Arkar Min

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.