မုဒုံ၊ နိုဝင်ဘာ ၈

မုဒုံတန်ဆောင်တိုင်တွင် မြို့နယ်ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအား တတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှသိရသည်။

“မုဒုံတန်ဆောင်တိုင်စည်စည်ကားကားဖြစ်စေဖို့ရယ်၊ ခြင်းလုံးမျိုးဆက်ပြတ်နေတာကို ပြန်လည်မွေးထုတ်နိင်ဖို့ရယ်ရည်ရွယ်ပြီးတော့ပြုလုပ်ကျင်းပတာဖြစ်တယ်။နောက်ပြီး အခုပြုလုပ်မယ့် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ နိင်ငံတော်အဆင့်လက်ရွေးစင်ကစားသမားတွေ၊ အာရှသဲသောင်ပြင်ရွှေတံဆိပ်ဆုရှင်ကစားသမားတွေပါတော့ မျိုးဆက်သစ် လူငယ်ပိုက်ကျော်ခြင်းကစားသမားတွေအတွက် အတွေ့အကြုံကောင်း၊ နည်းစနစ်၊ ကစားကွက်ကောင်းတွေ အတုယူနိင်မယ်လို့လည်းမျှော်လင့်ပါတယ်”ဟုပြိုင်ပွဲကျင်း ပရေးကော်မတီအတွင်းရေးမှူးဦးညီညီထွေး(ရွှေသီးမိတ္တူနှင့်ကွန်ပျူတာ)မှ သံလွင်တိုင်းမ်ကိုပြောသည်။

မုဒုံတန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ်အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲအား မုဒုံမြို့၊ လမ္မကြီးရပ်လူငယ်များအဖွဲ့က ဦးဆောင်ကာ ၂၀၁၄ မုဒုံတန်ဆောင်တိုင်မှ စတင်ပြုလုပ်ကျင်းပကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

တတိယအကြိမ်မြောက်မြို့နယ်ပေါင်းစုံအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲအား နိုဝင်ဘာ(၇)နေ့မှ(၁၃)ရက်နေ့ထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုပတ်လည်ပြိုင်ပွဲများအား နိုဝင်ဘာ(၇၊၈)ရက်နေ့များတွင် မုဒုံမြို့၊မြို့မ(၁)ရပ်ကွက်၊မြို့နယ်အားကစားကွင်းမိုးလုံ၊လေလုံအားကစားခန်းမ၌ပြုလုပ်ကျင်းပမည်ဖြစ်ပြီး၊ ကွာတား၊ဆီမီးနှင့်ဗိုလ်လုပွဲများအား၊မြို့မ(၄)ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရွှေဟသာၤဈေးရှေ့၊လမ္မကြီးရပ်တွင် နိုဝင်ဘာ(၉)ရက်မှ(၁၃)ရက်နေ့ထိ၊ မွန်းလွဲ(၃း၃၀)မှစတင်ကာနေ့စဉ်ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရှိရသည်။
%e1%80%99%e1%80%af%e1%80%92%e1%80%b6%e1%80%af%e1%80%95%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8
လမ်းမကြီးလူငယ်များအဖွဲ့မှဦးဆောင်ကျင်းပသည့် မုဒုံတန်ဆောင်တိုင်အထိမ်းအမှတ်၊ တတိယအကြိမ်၊အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စုစုပေါင်း(၂၁)သင်း ယှဉ်ြပိုင်ကြမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ(၁)သင်း၊ မော်လမြိုင်အား/ကာသိပ္ပံကျောင်းမှ(၃)သင်း၊ မော်လမြိုင်မြို့နယ်မှ(၁၀)သင်း၊ မုဒုံမြို့နယ်မှ(၄)သင်း၊ သံဖြူဇရပ်မြို့နယ်မှ(၁)သင်း၊ ပေါင်မြို့နယ်မှ(၂)သင်းပါဝင်ကြောင်းလည်းသိရသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲအား မွန်ပြည်နယ်တွင် မုဒုံမြို့တစ်ခုတည်းကသာ လက်ရွေးစင်အားကစားသမားများအား ဖိတ်ခေါ်ကျင်းပနိင်ပြီး ယခုနှစ်ပြိုင်ပွဲတွင်ပထမဆုအားငွေကျပ်(၅)သိန်း၊ ဒုတိယဆုအားငွေကျပ်(၃)သိန်း၊ တတိယဆုအားငွေကျပ်(၂)သိန်းနှင့် စတုတ္ထဆုအား ငွေကျပ်(၅)သောင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရ သည်။

သတင်း – မင်းဥဒါန်း (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.