အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု MFF ထုတ်ပြန်ကြေငြာ

0
17153

အာရှဘောလုံး အဖွဲ့ချုပ် (AFC) ဥက္ကဌဖြစ်သူ ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာသည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF) မှ ထုတ်ပြန်ကြေငြာလိုက်သည် ။

အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဌနှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းနေ့၌ပင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ MFF ၏ ရှေ့လာမည့် ကာလများတွင် ဆောင်ရွက်ရန် စီစဉ်ထားမှုများနှင့် MFF နှင့် AFC တို့အကြား လက်တွဲကာ ဆောင်ရွက်ရန် ရှိသည့် ကိစ္စရပ်များ၊ AFC မှ ကူညီနိုင်မည့် ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးကြမည်ဖြစ်ကြောင်း မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်၏ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။

ထို့နောက် နိုဝင်ဘာ ၁၅ရက် နေ့ တွင် AFC ဥက္ကဌနှင့် အဖွဲ့သည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဆောင်ရွက်ထားသည့် ဘောလုံးဖွံ့ဖြိုးရေး အစီအစဉ်များ ဖြစ်သည့် Grassroots Festival နှင့် FIFA 11 for Healthအစီအစဉ်များကို လေ့လာမှုများ ပြုလုပ်မည် ဖြစ်ပြီး ယင်းနောက် နိုဝင်ဘာ ၁၆ တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။

လက် ရှိတွင် မြန်မာ့လက် ရွေးစင် ပဏာမ အသင်းသည် ဥရောပ တွင် ခြေစမ်းပွဲများကစား လျက် ရှိပြီး ခြေစွမ်းအနည်းငယ် တက်လာသည်ဟု ပရိတ်သတ်များက မှတ်ချက် ပေးကြသည်။
%e1%80%a1%e1%80%ac%e1%80%9b%e1%80%bd%e1%80%b1%e1%80%98%e1%80%ac%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%a1%e1%80%96%e1%80%bc%e1%80%b2%e1%82%95%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%a5
Photo-MFF
သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.