မိုးလေဝသ ခန့်မှန်းချက်

0
17535

( အောက်တိုဘာလ ၁၈ ရက်နေ့မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ)

မွန်ပြည်နယ်တွင် မိုးရွာသွန်းမြဲထက် ပိုမိုရွာသွန်းနိုင်ပြီး (၆) ရက်မှ (၈) ရက်ခန့် မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်တို့တွင် ရွာသွန်း မြဲထက်ပိုကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၃) ရက်မှ (၅) ရက်ခန့် မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် (၆) ရက်မှ (၈) ရက်ခန့် မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါသည်။
logo-ios-280x96
ရင်းမြစ်-နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.