October 5, 2016

အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် စီမံကိန်းနှစ်ခုအစား ပြည်သူအကျိုးရှိ သည့် စီမံကိန်းများပြောင်းလဲဆောင်ရွက်ရန် အဆို အနိုင်ရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အတည်ပြုထားသည့် မွန်ပြည်နယ်အတွင်း တည်ဆောက် မည့် စီမံကိန်း(၂)ခုဖြစ်သော အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် ကုန်ကျ မည့်ငွေအား လွှတ်တော်မှပြောင်းလဲသုံးစွဲသင့်ကြောင်း အဆိုအောင်မြင်သွားကြောင်းသိရသည်။

ပထမတရက်သာ လွှတ်တော်တက်ပြီး နောက်ရက်များခွင့်ယူသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကို လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

မော်လမြိုင်၊ အောက်တိုဘာ ၄ရက် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တရက်သာ တက်ရောက်ပြီး နောက်ပိုင်း ရက်များတွင် ခွင့်ယူသွားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။