သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာ များ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ် ကတော့ ငါးရံ့ရွှဲယိုရွက်ချက်ပဲဖြစ်ပါတယ်။
(၄၀)သားခန့်ရှိသော ငါးရံ့တစ်ကောင်ကို အကြေးခွံများ ကုန်အောင်ခြစ်ပါ။ အချွဲများကုန်အောင်ပွတ်ပါ။ ဗိုက်ခွဲအူများထုတ်၊ ရေစင်စင်ဆေးပါ။ ငါးကိုအတုံးပါးပါးတုံးပါ။ တုံးထားသောငါးကို ဆားဆနွင်းနှင့်နယ်ပါ။ ကြက်သွန်နီဖြူ၊ ဂျင်း၊ ငရုပ်သီး ရောထောင်းပါ။ ထောင်းထားသော ကြက်သွန်ငရုပ်ကို ဆီသတ်ပါ။ မျှင်ငပိကို လည်းထည့်ပါ။ နယ်ထားသော ငါးကိုထည့်ပါ။ စပါးလင်ဓါးပြားရိုက်ထည့်ပါ။ ရေကို ငါးမြုပ်ရုံထည့်ပါ။ ရေမခန်းတခန်းဖြစ်လျှင် ရွဲယိုရွက်ကိုအရွက်အတိုင်းထည့်အုပ်ပါ။ ဆီပြန်လာလျှင် ရှမ်းနံနံ(သို့) နံနံပင်အုပ် သုံးဆောင်နိုင်ပါပြီ။
ပါဝင်သောပစ္စည်းများ။
၁။ (၄၀)ကျပ်သားခန့်ငါးရံ့တစ်ကောင်
၂။ ရွဲယိုရွက်
၃။ စပါးလင်
၄။ ကြက်သွန်နီ၊ဖြူ၊ဂျင်း၊
၅။ ငရုပ်သီးအစိမ်းမူန့်
၆။ မျှင်ငပိ
၇။ ဆီ
၈။ ရှမ်းနံနံ(သို့)နံနံပင်တို့ဖြစ်သည်။