မုဒုံမြို့နယ်တွင် မဲဆန္ဒရှင် ၃၈ ဒသမ ၂၇ ရာခိုင်နှုန်းသာ လာရောက်မဲပေး

0
16405

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေကောက်ပွဲတွင် မုဒုံမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၃၈ ဒသမ ၂၇ ရာခိုင်နှုန်းသာ လာရောက်ဆန္ဒမဲ ပေးခဲ့ကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
“ဆန္ဒမဲတော့ပေးချင်ပါရဲ့ ဒါပေမဲ့ပြည်သူများ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ဖို့ မဲရုံဝန်ထမ်း လုံလုံလောက်လောက်မရှိသာရယ်၊ မဲရုံဝန်ထမ်းတွေက လုပ်ငန်းမကျွမ်းကျင်သာတွေကြောင့် အချိန်ကြန့်ကြာတယ်၊ ပြည်သူတွေကနေပူထဲမှာ အချိန်အကြာကြီး ရပ်စောင့်နေရတယ်၊ ဒါတွေဟာဆန္ဒမဲပေးမှုကို အဟန့်အတားဖြစ်စေတယ်၊ နောက်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူကလည်း စိတ်ဝင်စားမှုနည်းပါးတယ်၊ အသိပညာပေးမှုတွေလည်း မရှိသလောက် နည်းတယ်လေ” ဟု မြို့မ (၁) ရပ်ကွက်မှ ကိုငယ်လေးက ပြောသည်။
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၅၃၇၆ ဦးရှိပြီး ပြည်သူ့လွှတ်တော်တွင် ၆၃၈၆၀၊ အမျိုးသား လွှတ်တော်တွင် ၆၉၈၈၆၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၁) တွင် ၃၈၃၇၄၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၂) တွင်၃၂၂၄၆ ဦးဆန္ဒပြုထားကြောင်း သိရသည်။
ယခုတစ်ခါ ရွေးကောက်ပွဲတွင် မဲလာပေးသူ အတော်နည်းသည်ဟု ပါတီကိုယ်စားလှယ်လောင်းများကလည်းပြောကြသည်။
မုဒုံမြို့နယ်လွှတ်တော် ၄ နေရာအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) တို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လည်းကောင်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂)တွင် မွန်အမျိုးသားပါတီမှ လည်းကောင်း အသီးသီး အနိုင်ရရှိထားသည်ဟုလည်း သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.