ကျဲရော့

သံဖြူဇရပ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ပြည်သူများနှင့် တွေ့ဆုံ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၅ ပြည်သူလူထု၏ ရင်တွင်းခံစားချက်များကို သိရှိနိုင်ရန်အတွက် သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူများနှင့် တွေ့ဆုံပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာ ကိုးသန်းကိုးသိန်းကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ခမီမြို့တွင် တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

ကျိုက်ခမီ၊ နိုဝင်ဘာ ၁၆ ကျိုက်ခမီမြို့တွင် သတင်းအရ မြို့နယ်သစ်တောနှင့် နယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးမှူး ဦးလှမြင့်ဦးနှင့်သစ်တောဝန်ထမ်းများ ကျိုက္ခမီနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ(၁၁)ရက်နေ့ က ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက် ဝက်သိုးရပ်၊ ဝိဇယလမ်းတွင် စုပုံထားသည့် သစ်များကို သွားရောက် စစ်ဆေးခဲ့ရာ…

သံဖြူဇရပ်မြို့ တန်ဆောင်တိုင် မီးထွန်းပွဲ အထိမ်းအမှတ် လမ်းကြမ်းစက်ဘီးပြိုင်ပွဲ ထည့်သွင်းကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ ၁၅ သံဖြူဇရပ်မြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ် ကီလိုမီတာ(၇၀) လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲအား နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အမည်မသိ ပိုးကောင်၏ အမွေးအမျှင် လွင့်ကျထိမိပြီး စာသင်ကြားမှု အခက်အခဲဖြစ်

သံဖြူဇရပ်၊ နိုဝင်ဘာ ၇ သံဖြူဇရပ်မြို့ ဝဲကလီကျေးရွာအုပ်စု အိုင်ရှည်ကျေးရွာ အစိုးရမူလတန်းလွန်ကျောင်းရှေ့ ညောင်ပင်ကြီးအပေါ်မှ အမည်မသိ ပိုးကောင်များ၏ အမွှေးအမြှင်များ လွင့်ကျရာမှ ထိမိသည့် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမ ယားယံအနာ ဖြစ်နေကြောင်း ကျောင်းအုပ်ထံမှ သိရသည်။

အသက်ကိုးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုဖြစ်ပွား

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀ သံဖြူဇရပ်မြို့နယ်၊ ဝဲသွန်ချောင်ကျေးရွာတွင် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား သားမယားပြုကျင့် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖခင်ဖြစ်သူစည်းရုံးမှုဖြင့် လူငယ်တစ်ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှုခံယူ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀ သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦး ဖခင်၏စည်းရုံးမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။<!--more--> အဆိုပါဆေးဖြတ်လိုသူလူငယ်မှာ သံဖြူဇရပ်မြို့နယ် ပဒံငံလေးကျေးရွာမှဖြစ်ပြီး ထိုင်းတွင် ငါးနှစ်ခန့် သွားရောက်ပြီးအလုပ်လုပ်ကိုင်ခဲ့ကာ မူးယစ်ဆေးဝါးစွဲလာသောခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးဖြတ် ချင်ရင် မဖမ်းဆီးပဲ သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ်ပြီးဆေးဖြတ်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးအုန်းသော်မှ ပြောသည်။ “ကျွန်တော်တို့အဖွဲ့က ပြုစုကုသရေးအပိုင်းကို ဦးတည်သွားမှာဖြစ်ပါတယ်။ ဆေးဖြတ်သူတွေက…

ကျိုက်ခမီမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ လူ(၁၅၀)ခန့် မြေယာကိစ္စအတွက် လာရောက်စုဝေး တိုင်တန်းမှုဖြစ်ပေါ်

ကျိုက်ခမီ၊ အောက်တိုဘာ ၂၄ ကျိုက်ခမီမြို့ အုပ်ချုပ်ရေးမှူး ရုံးသို့ အောင်သုခရပ်ကွက်မှ ရပ်ကွက်သူ/သား (၁၅၀)ဦးခန့်လာရောက် ကာ မြေယာကိစ္စနှင့်ပတ်သက်ပြီး စုဝေး တိုင်တန်းခဲ့ကြောင်း သိရသည်။

ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် ဘိန်းစားရွက်ပင်များနှင့် လက်လုပ်သေနတ်များဖမ်းဆီးရမိ

သံဖြူဇရပ်၊ အောက်တိုဘာ ၂၄ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် အောက်တိုဘာ (၁၈)ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်အေးမင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့် အတူ သတင်းအရ ဘိန်းစားရွက်ပင်များ စိုက်ပျိုးထားကြောင်းသိရှိရ၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ

ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် ဘိန်းစားရွက်ပင်များနှင့် လက်လုပ်သေနတ်များဖမ်းဆီးရမိ

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် အောက်တိုဘာ (၁၈)ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်အေးမင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့် အတူ သတင်းအရ ဘိန်းစားရွက်ပင်များ စိုက်ပျိုးထားကြောင်းသိရှိရ၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ ပါသည်။

သံဖြူဇရပ်တွင် ပါတီ(၂၈)နှစ်ပြည့်အခမ်းအနားကျင်းပရန် တစညပါတီပြင်ဆင်

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉ သံဖြူဇရပ်မြို့နယ် တစညပါတီအနေဖြင့် ပါတီ(၂၈)နှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း ယင်းပါတီထံမှသိရသည်။