စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပေမယ့် အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ပြောပြန်
နေပြည်တော်၊ မတ် ၆ စစ်ကော်မရှင်ရဲ့ ကန့်သတ်ချက်တွေကြောင့် စက်သုံးဆီ ဝယ်ယူရာမှာ အခက်အခဲများစွာ ရှိနေပေမယ့် စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ စက်သုံးဆီအသင်းက အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် စက်သုံးဆီ တင်သွင်းရာမှာ ကြန့်ကြာမှုတွေ ရှိနေပေမယ့် ပြည်သူလူထုရဲ့…
မွန်မှာ ယာဉ်အလိုက် စက်သုံးဆီ ရောင်းချရမယ့်နှုန်းထား သတ်မှတ်
မော်လမြိုင်၊ မတ် ၅ မွန်ပြည်နယ်ရဲ့ စက်သုံးဆီခြိုးခြံချွေတာရေး အစီအစဉ်အရ မော်တော်ယာဉ်အလိုက် စက်သုံးဆီ ရောင်းချရမယ့် နှုန်းထား သတ်မှတ်လိုက်တယ်လို့ ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ အဲဒီကြေညာချက်အရ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ တစ်ရက်လျှင် ဆိုင်ကယ် တစ်စီး ကျပ် ၅,၀၀၀ ဖိုး၊ သုံးဘီ/အိုးဝေ ကျပ် ၁၀,၀၀၀…
အီရန် ခေါင်းဆောင်အသစ် ရွေးချယ်ရာမှာ အမေရိကန် ဝင်ပါရမယ်လို့ ထရန့် ပြော
ဝါရှင်တန်၊ မတ် ၆ အီရန်ရဲ့ ခေါင်းဆောင် အသစ်ရွေးချယ်မှုမှာ အမေရိကန် ဝင်ပါရမှာ ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က မတ် ၅ ရက်မှာ ရိုက်တာ သတင်းဌာနသို့ ပြောလိုက်ပါတယ်။ အီရတ်မှာ အခြေစိုက်တဲ့ ကာ့ဒ်တပ်ဖွဲ့တွေ အီရန်နိုင်ငံထဲ ဝင်ရောက်ပြီး အီရန် လုံခြုံရေး တပ်တွေကို တိုက်ခိုက်မယ်ဆိုရင် သိပ်ကောင်းလိမ့်မယ်လို့လည်း ထရန့်က ပြောပါတယ်။…
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးကို ထရန့် ထုတ်ပယ်
ဝါရှင်တန်၊ မတ် ၆ အမိမြေလုံခြုံရေးဌာနကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်လာနေချိန်မှာ ဝန်ကြီး ခရစ္စတီ နိုအမ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မတ် ၅ ရက်မှာ ထုတ်ပယ်လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးနဲ့ အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းရေး ကိုင်တွယ် ဖြေရှင်းဖို့ အပါအဝင် ဝေဖန်မှုတွေ များလာပြီးနောက် အမိမြေလုံခြုံရေးဝန်ကြီး…
စစ်အာဏာသိမ်း (၁၈၅၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၈၅၀) ဦးအထိရှိလာ
မော်လမြိုင်၊ မတ်၆ AAPP ရဲ့ မတ်၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၅၉) ရက်အတွင်း ပြည်သူ (၇၈၅၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၅၅၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၉၁၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…
အီရန်စစ်ပွဲကြောင့် စစ်တပ်ရဲ့ လေယာဉ်ဆီရရှိရေး ရိုက်ခတ်လာနိုင်
မော်လမြိုင် ၊ မတ် ၆ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် ကာလရှည်ကြာလာရင် မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်အပေါ် ရိုက်ခတ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်က ဟောမု့ဇ် ရေလမ်းကြောင်းကို ပိတ်ထားပြီး ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် ရေနံတင်သင်္ဘောတွေ အပါအဝင်…
ဘားအံမှာလည်း စက်သုံးဆီရရှိရေး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရ
ဘားအံ၊ မတ် ၆ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စက်သုံးဆီဝယ်ယူရရှိရေးအတွက် အခက်အခဲကြုံနေရပြီး ဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချတဲ့အတွက်ကြောင့် ကား ဆိုင်ကယ်အများအပြားဟာ အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခအရေးကြောင့် မြန်မာနိုင်ငံမှာလည်း စက်သုံးဆီဝယ်ယူရရှိရေး အခက်အခဲကြုံနေရပြီး စစ်ကော်မရှင်က ရက် ၄၀ စာ အရန်စက်သုံးဆီကျန်ရှိနေတယ်လို့ ပြောဆိုထားပေမယ့် နိုင်ငံတစ်ဝန်းမှာ မတ်လ…
နိုင်ငံရေးအကျဉ်းသား ၄၄၀၀ ကျော်သာ ပြန်လွတ်သေးတယ်လို့ PPNM ပြော
မော်လမြိုင်၊ မတ် ၆ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသား ၄၄၀၀ ကျော်သာ ပြန်လွတ်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ PPNM ရဲ့ မတ်လ ၄ ရက်နေ့ ည ၈ နာရီအထိ စုံစမ်းအတည်ပြုမှုအရ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၃၉…
KTLA ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရ
သရက်ချောင်း၊ မတ် ၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ KTLA ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က သရက်ချောင်းမြို့နယ် သမီးပေါ်သောကျေးရွာနဲ့ပျားသားချောင်းကျေးရွာကြားမှာ KNU လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်တွေကို…
ဆေးဝါးဈေးနှုန်းများ မြင့်တက်လာနိုင်တာကြောင့် ထိုင်း ကျန်းမာရေးဝန်ကြီးဌာန အနီးကပ် စောင့်ကြည့်နေ
ဘန်ကောက်၊ မတ် ၅ အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကြောင့် ဆေးဝါးဈေးနှုန်း မြင့်တက်လာနိုင်ခြေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ရင် စီးပွားရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ကြားဝင် ဖြေရှင်းပေးဖို့ ပြင်ဆင်နေပါတယ်။ ဒေသတွင်း ပဋိပက္ခ အရှိန်ပိုမြင့်လာတာကြောင့် ထိုင်း ပြည်သူ့ကျန်းမာရေးစနစ်အနေနဲ့ တိုက်ရိုက် ရိုက်ခတ်မှုတွေ တစ်ခုမှ မကြုံတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီး ပတ်တာနာ ပရွမ်ဖတ်က…
