သက်တမ်းကုန်ဆုံးဖို့နီးကပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး ငါးသန်း ဖိလစ်ပိုင်က မြန်မာကို လှူဖို့ စီစဉ်
မနီလာ – မေ(၄) သက်တမ်းကုန်ဆုံးဖို့နီးကပ်နေပြီဖြစ်တဲ့ စပွတ်နဒ် ဗီ Covid-19 ကာကွယ်ဆေးအလုံရေငါးသန်း ကိုဖီလစ်ပိုင်းနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းဖို့ စီစဉ်နေတယ်လို့ အကြီးတန်းကျန်းမာရေး အရာရှိ တစ်ယောက်က ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့လူဦးရေသန်း(၁၁၀) အတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ ကြိုးစားခဲ့ပြီး အခုချိန်မှာတော့ ပထမဆုံးအကြိမ်တခြားနိုင်ငံကို လှူဒါန်းမှုပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းကတဆင့်…
ငြိမ်းချမ်းရေးသဘောတူညီချက်မရမချင်း ပိတ်ဆို့အရေးယူတာတွေရုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဂျာမန်ဆို
ဘာလင် – မေ(၄) ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနနေနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ငြိမ်းချမ်းရေးသဘာတူညီချက်မရမချင်း ရုတ်သိမ်းမှာ မဟုတ်ဘူး လို့ ဂျာမန်အဓိပတီ အိုလက်ဖ်ရှိဖ့်က ပြောပါတယ်။ ရုရှား သမ္မတ ဗလာဒီမာပူတင်းဟာ ယူကရိန်းနယ်မြေတွကို သိမ်းပိုက်နိုင်တဲ့အချိန်မှ စစ်ပွဲအဆုံး သတ်ကြေညာပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးမှာဖြစ်တယ် လို့ လွဲမှားပြီးတွက်ချက်ထားတယ်လို့ အများပြည်သူပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့…
အာဏာသိမ်းကာလအတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရ
မော်လမြိုင် ၊ မေ (၄) စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ဆယ်စုနှစ် တစ်ခုနီးပါး နောက်ပြန်ဆုတ်သွားခဲ့ရသလို သတင်းမီဒီယာသမားတွေ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် ဖိနှိပ်ခံနေရတယ်လို့ ISP Myanmar က ထုတ်ပြန်လိုက်ပါတယ်။ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပေမယ့် မြန်မာနိုင်ငံတော့ သတင်းမီဒီယာသမား တွေဟာ…
ပြည်သူ့တရားစီရင်ရေးစနစ် အကောင်အထည် ဖော်တော့မယ်လို့ NUG ပြောဆို
မော်လမြိုင် ၊ မေ (၄) ပြည်သူ့တရားစီရင်ရေးစနစ်ကို မကြာမီ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တရားစီရင်ရေး ဖော်ဆောင်မှုနဲ့ တရားရုံးများ စောင့်ကြည့်ထိန်းညှိရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့တရားစီရင်ရေးစနစ်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းဒေသ ကြီးတွေမှာ အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။…
လျှပ်စစ်မီး မမှန်တာကြောင့် SME လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်ကြုံနေရ
မော်လမြိုင် ၊ မေ (၄) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီး မမှန်တဲ့ ပြဿနာကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်ကြုံ နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ SME လုပ်ငန်းတွေဟာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေတဲ့အတွက်ကြောင့် လုပ်ငန်း အချိန်မီ ပြီးစီးဖို့ အခက်အခဲကို…
Radio Than Lwin Times(Episode 2/5)
Sound Cloud Link
သွင်းအားစုတွေ ဈေးနှုန်းဆက်လက် မြင့်တက်နေတာကြောင့် တောင်သူတွေ မိုးစပါး စိုက်ပျိုးဖို့ အခက်အခဲ ရှိနေ
မော်လမြိုင် ၊ မေ (၃) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ကာလအတွင်း သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာ အပါအဝင် စက်သုံးဆီတွေ ဈေးနှုန်းဆက်လက် မြင့်တက်နေတာကြောင့် အခုနှစ်ရာသီမှာ မိုးစပါး စိုက်ပျိုးဖို့ အခက်အခဲ ရှိနေတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။ သွင်းအားစု ကုန်ပစ္စည်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေး တန်ဖိုး ဆက်တိုက်ကျဆင်းလာတာနဲ့…
နိုင်ငံတဝန်းမှာ ဧပြီလအတွင်း လူနေအိမ် ၃၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
ရန်ကုန် ၊ မေ (၃) နိုင်ငံတဝန်းမှာ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးတာကြောင့် လူနေအိမ် ၃၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်းက လူနေအိမ် ၂၅၀၀ ကျော်နဲ့ မကွေးတိုင်းမှာတော့ လူနေအိမ် ၉၅၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။…
နိုင်ငံရဲ့ အကျပ်အတည်းကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ ထောင်နဲ့ချီတဲ့ သီရိလင်္ကာပြည်သူတွေ စုဝေးဆန္ဒပြ
ကိုလံဘို ၊ မေ (၃) သီတင်းပတ်များကြာသည့်တိုင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်း ရပ်တန့်သွားမယ့် အရိပ်အယောင်တောင် မမြင်ရတဲ့အတွက် သီရိလင်္ကာနိုင်ငံ စီးပွားရေးမြို့တော် ကိုလံဘိုမှာ ထောင်နှင့်ချီသော သီရိလင်္ကာ အတိုက်အခံ ပါတီ ထောက်ခံသူများက တနင်္ဂနွေနေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ ဂေါ်တာဘရာ ရာဂျာပါစကာ အစိုးရမှ အခွန်ဖြတ်တောက်မှုများနှင့် ကပ်ရောဂါကြောင့် သီရိလင်္ကာရဲ့ စီးပွားရေးဟာ…
ဂျပန်နဲ့ ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မယ်
တိုကျို – မေ(၃) ဂျပန်ဝန်ကြီးချုပ်ဖူမီအို ကီရှီဒါ ရဲ့ ထိုင်းနိုင်ငံကို (၉) နှစ်အကြာမှာ ပထမဆုံး တရားဝင်အလည် အပတ်ခရီးစဉ်မှာ ထိုင်း-ဂျပန် ဆက်ဆံရေးတည်တံ့ရေးကို ကူညီနိုင်ရုံသာမက ကုန်သွယ်ရေးနှင့် ရင်းနီးမြှုပ်နှံမှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုမျာ နားလည်မှုစာချွန်လွှာတွေနဲ့ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၁၃၅) နှစ်မြောက်နှစတ်ပတ်လည်နေ့မှာ…
