ပခုက္ကူမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးဆိတ်တွေ သေဆုံးမှု မြင့်တက်လာ
ပခုက္ကူ – ဇန်နဝါဝါ ၂၂ မကွေးတိုင်း၊ပခုက္ကူခရိုင်မှာ အိမ်မွေးဆိတ်တွေသေဆုံးမှုများလာတာကြောင့် တိရိစ္ဆာန်ကုသတဲ့ ဆရာဝန်လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသခံတွေကတော့ ဘဲ့နာကိုခေါ်တဲ့ ကူးစက်ရောဂါတမျိုးဖြစ်တယ်လို့ ယူဆထားပြီး လတ်တလောမှာ ဆိတ်တွေနေ့စဉ်သေဆုံးတာတွေရှိနေတာပါ။ “နိုင်ငံရေးအခြေအနေကလည်းမကောင်းတော့ တိကုတွေမလာကြတော့ဘူး။ ဒေသက သူ့နည်း သူ့ဟန်နဲ့ ကုနေတာတော့ရှိတယ်။ ဒါပေမယ့် သေဆုံးနှုန်းက လျှော့မရသွားဘူး”လို့ ပေါက်ဒေသခံ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင်…