နိုင်ငံတော်လုံခြုံရေးခိုင်မာအောင်ပြုလုပ်ဖို့သမ္မတရှီ အလေးပေးပြော
ပေကျင်း – မတ်(၁၄) တရုတ်သမ္မတ ရှီကျင်းဖျင်က သမိုင်းဝင် သမ္မတ သက်တမ်းတတိယအကြိမ် အဖြစ် အပ်နှင်းခံရ ပြီးနောက် ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာအောင်ပြုလုပ်ဖို့လိုအပ်တယ်လို့ အလေးပေးပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကို ဦးဆောင်ဖို့ တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်ကို ရွေးချယ်ခဲ့ကြပြီး တရုတ်ရဲ့ မျိုးဆက်တွေထဲမှာ ဩဇာအကြီးဆုံး ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) တရုတ်ပါလီမန်က…
