ဒေါ်လာနဲ့ရွှေဈေးဂယက်ကြောင့် အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံသူပိုများလာ
မော်လမြိုင်၊ ဇွန်(၂၇) စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်နီးပါးအတွင်း တစ်စထက်တစ် ထိုးတက်လာတဲ့ ပြည်တွင်းဒေါ်လာနဲ့ ရွှေဈေးကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းက အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာတယ်လို့ အကျိုးဆောင်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပြီးနောက် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၂၀၀ ကျော်နဲ့ အခေါက်ရွှေတစ်ကျပ်သား…
