ရေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်လေကြောင်း အသုံးပြုတိုက်ခိုက်နေ
ရေး၊ ဇွန်(၂၈) မွန်ပြည်နယ် ရေးမြို့နယ်အောင်သာယာကျေးရွာနဲ့ ကနင်းကမော့ကျေးရွာကြားမှာ ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ညနေပိုင်းမှာ အောင်သာယာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့အတွက်…
