အဝတ်လဲခန်းထဲ လျှို့ဝှက်ကင်မရာတပ်ပြီး ရိုက်ထားတဲ့ရုပ်သံဖိုင်တွေ တွစ်တာမှာ ပျံ့နှံ့နေလို့ H&M Malaysia က တိုင်ချက်ဖွင့်
ကွာလာလမ်ပူ – ဇန်နဝါရီ(၁၃) H&M Malaysia က ကွာလာလမ်ပူမှာရှိတဲ့ အရောင်းဆိုင်တစ်ခုရဲ့ အဝတ်လဲခန်းအတွင်း လူမသိ အောင် တပ်ဆင်းထားတဲ့ ကင်မရာက ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ရောင်းချနေတယ်လို့ ထုတ်ဖော် ပြောဆိုပြီးနောက် ရဲတပ်ဖွဲ့မှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အွန်လိုင်းမှာ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သက်ဆိုင်ရာ H&M ဆိုင်ခွဲ အရောင်း မန်နေဂျာက တိုင်ချက်ဖွင့်ခဲ့တာပါ။ “ကျွန်ုပ်တို့…
