အားကစား

အော်စကာ၊စတားရစ်ချ်နဲ့ လမ်းပတ်တို့(၃) ဦး ၎င်းတို့၏အသင်းမှ ထွက်ခွာဖွယ်ရှိ၊ မက်ဆီနှင့် အသင်းဖော် တစ်ချို့ ပျို့အန်ပြီး နေမကောင်းဖြစ်

ချယ်ဆီးအသင်းဟာ နည်းပြ ကွန်တီ လက်အောက်တွင် ခြေစွမ်းပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ အော် စကာကို ရောင်းချဖို့ပြင်ဆင်နေပါတယ်။ အော်စကာကို ပြီးခဲ့တဲ့ (၄) နှစ်လောက်က ဘရာဇီးကလပ်ကနေ ခေါ်ယူခဲ့ပြီး အခုချိန်မှာ အင်တာ နှင့် တရုတ် ကလပ် အသင်းတို့က ၎င်းကိုခေါ်ယူဖို့ စောင့်ကြည့်နေကြပါ တယ်။

သံဖြူဇရပ်မြို့ တန်ဆောင်တိုင် မီးထွန်းပွဲ အထိမ်းအမှတ် လမ်းကြမ်းစက်ဘီးပြိုင်ပွဲ ထည့်သွင်းကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ ၁၅ သံဖြူဇရပ်မြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ် ကီလိုမီတာ(၇၀) လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲအား နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆောက်သန်းမြန်မာ အသင်းနှင့် ကစားသမားအသစ်များ စာချုပ်သစ်ချုပ်ဆို

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်သန်းမြန်မာအသင်းအနေဖြင့် မော်လမြိုင်မြို့တွင် စိစစ်ရွေးချယ်ခဲ့သည့် ကစားသမားများထဲမှ ကစားသမား(၉) ဦးကို စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မုဒုံတန်ဆောင်တိုင် မြို့နယ်ပေါင်းစုံအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

မုဒုံ၊ နိုဝင်ဘာ ၈ မုဒုံတန်ဆောင်တိုင်တွင် မြို့နယ်ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအား တတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှသိရသည်။

ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပ

ပေါင်၊ နိုဝင်ဘာ ၉ ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၉)ရက်နေ့က ပေါင်မြို့မအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့သည်။<!--more--> ပုံမှန်အားဖြင့် ဝန်ကြီးချုပ်ဖလားကို မော်လမြိုင်မြို့တွင်သာ ကျင်းပလေ့ရှိပြီး ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အလှည့်ကျအဖြစ် ဆောင်ရွက်လာရာ ယခုနှစ်တွင် ပေါင်မြို့နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။…

PSG အပါအဝင် အသင်းကြီးများအနေဖြင့် နေမာကို ခေါ်ယူလိုပါက ယူရိုသန်း ၄၀၀ ကျော် အသုံးပြုရမည်

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးလည်းဖြစ်သလို ဘရာဇီး စူပါစတားတစ်ဦးဖြစ်သည့် နေမာကို ဥရောပ အသင်းကြီးများက အလိုရှိနေကြပြီး အထူးသဖြင့် PSG အသင်းက နေမာကို ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

မွန်ပြည်နယ်၏ ဘောလုံးအားကစားတိုးတက်မြင့်မားစေရေး စနစ်တကျ လေ့ကျင့်ကြရန် မွန်ဝန်ချုပ် တိုက်တွန်း

မော်လမြိုင်၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ်၏ ဘောလုံးအားကစား အဆင့်အတန်းမြင့်မားစေရန် စနစ်တကျ လေ့ကျင့် သင် ကြားရန်လိုအပ်ကြောင်း အောက်တိုဘာလ (၂၄) ရက်နေ့က မော်လမြိုင်မြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည့် FIFA 11 For Health နည်းပြသင်

ကျိုက်တမော့ဘုရားဒိုင်း ပထမအကြိမ် ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာအသင်းမှပထမဆုရရှိ

မုဒုံ၊ အောက်တိုဘာ ၂၃ ကမာဝက်မြို့၊ ကျိုက်တမော့ဘုရား၏ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ပထမအကြိမ်ကွင်းဖွင့်ဖလား၊ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာကိုယ်စားပြုလူငယ်ဘောလုံးအသင်းမှ ပထမတံခွန်စိုက်ဒိုင်း ဆုအား ရရှိခဲ့ကြောင်းပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရှိရသည်။

အရည်အသွေးကောင်းမွန်ခြင်းမရှိဟု ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့သည့် မော်ရင်ဟို အရေးယူခံဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြအသစ် မော်ရင်ဟိုသည် လီဗာပူးလ် နှင့် တွေ့ဆုံ သည့် ပွဲတွင် ကိုယ်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ေတေလာကို ဝေဖန်ပြစ်တင်ခဲ့သည့် အတွက် အရေး ယူခံရဖွယ် ရှိနေသည်။

အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု MFF ထုတ်ပြန်ကြေငြာ

အာရှဘောလုံး အဖွဲ့ချုပ် (AFC) ဥက္ကဌဖြစ်သူ ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာသည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF) မှ ထုတ်ပြန်ကြေငြာလိုက်သည် ။